​အော်စကာဆု​အတွက် The King’s Speech က ဆု ၁၂ ဆု​အတွက် ဆန်ခါတင်​စာရင်း​ဝင်

alt

အော်စကာဆု စာရင်း​တွင် The King’s Speech က ဆု ၁၂ ခုအတွက် ဆန်ခါတင်စာရင်း​ သတ်မှတ်ခံထား​ရ​ကြောင်း​ သိရသည်။ ဗြိတိသျှဘုရင် ​ဂျော့​အ​ကြောင်း​ ရိုက်ကူး​ထား​သည့်​ ဇာတ်ကား​သည် ​ဖေ​ဖော်ဝါရီလတွင် ကျင်း​ပပြုလုပ်မည့်​

​အော်စကာဆု​ပေး​ပွဲအတွက် လူ​ပြောအများ​ဆုံး​ ဇာတ်ကား​ဖြစ်လာခဲ့​သည်။ ၈၃ ကြိမ်​မြောက် ​အော်စကာ ဆုနှင်း​သဘင်တွင် ယင်း​သည် ဆုများ​စွာအတွက် The Social Network၊​ True Grit၊​ Black Swan၊​ Inception၊​ The Fighter၊​ The Kid Are All Right၊​ 127 Hours၊​ Toy Story 3 နှင့်​ Winter’s Boneဇာတ်ကား​များ​နှင့်​ အဓိက ယှဉ်ပြိုင် ရမည် ဖြစ်သည်။ True Gritသည် ဆန်ခါတင်ဆုအတွက် ၁၀ ​နေရာနှင့်​ The Social Networkက ၈ ​နေရာ သတ်မှတ်ခံထား​ရ​သော​ကြောင့်​ The King’s Speechကို အနီး​ကပ်ဆုံး​ ဖိအား​ပေး​နေနိုင်ခဲ့​သည်။

The King’s Speech သည် အ​ကောင်း​ဆုံး​ ဇာတ်​ဆောင်မင်း​သား​ဆု၊​ အ​ကောင်း​ဆုံး​ ဇာတ်ကား​ဆုနှင့်​ အ​ကောင်း​ဆုံး​ ဒါရိုက်တာဆုများ​အတွက်လည်း​ The Social Network၊​ True Grit တို့​ နှင့်​ အပြိုင်ဖြစ်​နေ​ကြောင်း​ သိရသည်။ ​အော်စကာ ဆု​ပေး​ပွဲ အခမ်း​အနား​ကို ​ဖေ​ဖော်ဝါရီ ၂၇ ရက်​နေ့​၊​ ​ဟောလီး​ဝုဒ်ရှိ ကိုဒက်ဇာတ်ရုံတွင် ကျင်း​ပပြုလုပ်သွား​မည်ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here