​ရေကြီး​နေသည့်​ ကွင်း​စလန်း​မှ McDonald ဆိုင်​ရှေ့​သို့​ ငါး​မန်း​​နှစ်​ကောင်​​ရောက်ရှိ

alt

စား​သောက်ဆိုင် ဖွင့်​ထား​သူ တစ်ဦး​အဖို့​ အလွန်ဆန်း​ပြား​သော ဧည့်​သည်ကို ​တွေ့​မြင်လိုက်ရသည့်​အတွက် အကြီး​အကျယ် အံ့​ဩထိတ်လန့်​ခဲ့​ရသည်။ ​ရေလွှမ်း​မိုး​မှုများ​ ဖြစ်​ပေါ်​နေသည့်​ ဩစ​တြေး​လျနိုင်ငံ၊​ ကွင်း​စလန်တွင်

ဖွင့်​လှစ်​ရောင်း​ချ​နေသည့်​ McDonald စား​သောက်ဆိုင်မှ အသက် ၄၂ နှစ်ရှိ စတီဗင်ဘိတ်မန်း​သည် ဆိုင်တံခါး​ကို ဖွင့်​လိုက်ချိန်တွင် ဆိုင်​ရှေ့​မှ ​ရေကူး​မြူး​တူး​နေသည့်​ ငါး​မန်း​နှစ်​ကောင်အား​ ပက်ပင်း​တွေ့​ရှိလိုက်ရသည်။ ၎င်း၏ဆိုင်သည် ပင်လယ်ကမ်း​ခြေမှ ၁၉ ကီလိုမီတာ အကွာတွင် တည်ရှိသည်။ ၂ မီတာနီး​ပါး​မျှ ရှိနိုင်​သော Bull Sharkအမျိုး​အစား​ ငါး​မန်း​နှစ်​ကောင်အား​ ​တွေ့​လိုက်ရခြင်း​ဖြစ်သည်။

၎င်းမျိုး​နွယ် ငါး​မန်း​များ​သည် တခါတရံ လူကိုအန္တရာယ်ပြုတတ်​ကြောင်း​ သိရသည်။ ဘရစ်စဘိန်း​မြို့​ပြင်ရှိ ဂွတ်နား​တွင် ဖွင့်​ထား​သည့်​ အသား​ဟင်း​များ​ ​ရောင်း​ချသည့်​ဆိုင်တွင် အဆိုပါ ငါး​မန်း​များ​သည် သား​ကောင်ရှာ​ဖွေရန် ​ရောက်လာခြင်း​ဖြစ်သည်။ အနီး​ရှိ ​လှေနှင့်​လူတစ်ဦး​က ဘိတ်မန်း​အား​ ငါး​မန်း​တစ်​ကောင် ​ရေထဲတွင် ရှိ​နေ​ကြောင်း​၊​ ကျန်တစ်​ကောင်သည် ဆိုင်ထဲပင် ​ရောက်​နေနိုင်​ကြောင်း​ ​အော်ဟစ်သတိ​ပေး​ခဲ့​ချိန်တွင် ဘိတ်မန်း​နှင့်​ ငါး​မန်း​တစ်​ကောင်မှ ၁၀ မီတာမျှသာကွာသည်။ ၎င်းက ယင်း​ငါး​မန်း​ မိမိကိုလာပြီး​ ဟပ်မည်ဟုပင် ထင်ခဲ့​ကြောင်း​ ဝန်ခံ​ပြောကြား​ခဲ့​သည်။

ဘရစ်စဘိန်း​မြစ်မှ ၂.၄ ကီလိုမီတာ အကွာတွင်ရှိ​သော ၎င်း၏ဆိုင်အနီး​ ငါး​မန်း​များ​ ​ရောက်​နေသည်ကို အလွန် အံ့​ဩ​ကြောင်း​၊​ အဆိုပါ သား​စား​သတ္တဝါများ​ ပြန်လည်ထွက်ခွာသွား​မှသာ သက်ပြင်း​ချနိုင်​ကြောင်း​ ဘိတ်မန်း​ကဆိုသည်။ ကွင်း​စလန်တွင် ဆိုး​ဆိုး​ရွား​ရွား​ ​ရေကြီး​မှုများ​ ဖြစ်​ပေါ်​နေရာ လမ်း​များ​၊​ ​မြေနိမ့်​ပိုင်း​များ​တွင် ​ရေဖုံး​လွှမ်း​နေပြီး​ ယင်း​ကဲ့​သို့​ ငါး​မန်း​များ​ လမ်း​ကြိုလမ်း​ကြား​ထိ ​ရောက်လာခြင်း​ ဖြစ်နိင်​ကြောင်း​ ၎င်းက ဆက်လက်​ပြောကြား​သွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here