လိင်ခွဲခြား​ပြောဆိုမှုပြုခဲ့​သည့်​ Sky ရုပ်သံ​အစီအစဉ်မှူး​ ရာထူး​မှ​နှုတ်ထွက်ရ

alt

အမျိုး​သမီး​ တစ်ဦး​အား​ လိင်ခွဲခြား​ ​ပြောဆိုမှုများ​ ပြုလုပ်ခဲ့​ပြီး​နောက် Skyရုပ်သံ အစီအစဉ်မှူး​ အန်ဒီဂ​ရေး​မှာ ရာထူး​မှ နှုတ်ထွက်သွား​ရပြီဖြစ်သည်။ အင်္ဂလန်နိုင်ငံတွင် ဇန်နဝါရီလ ၂၂ ရက်​နေ့​က ပြုလုပ်သည့်​ ပရီး​မီး​ယား​လိဂ် ​ ဘောလုံး​ပွဲစဉ် တစ်ခုအတွင်း​

အမျိုး​သမီး​ စည်း​ကြပ်ဒိုင်အား​ ရုပ်သံအစီအစဉ်မှူး​များ​ဖြစ်သည့်​ ဂ​ရေး​နှင့်​ ရစ်ချတ်ကီး​တို့​က ​ဝေဖန်မှုများ​ ပြုလုပ်ခဲ့​ခြင်း​ဖြစ်သည်။ ၎င်းတို့​သည် မိုက်ကရိုဖုန်း​ကို ပိတ်ထား​ကာ အမျိုး​သမီး​ဒိုင် ဆီယန်မက်ဆီသည် ဉာဏ်နည်း​ သူဖြစ်​ကြောင်း​၊​ အမျိုး​သမီး​များ​သည် လူကျွံ​ဘော ဥပ​ဒေကိုပင် နား​မလည်ဘဲ ယခုကဲ့​သို့​ မက်ဆီအား​ ဒိုင်အဖြစ် ခန့်​အပ်ခြင်း​သည် စိတ်ပျက်ဖွယ်​ကောင်း​ကြောင်း​ ​ပြောဆို​နေခဲ့​ကြသည်။

ထို့​အပြင် ဝက်စ်ဟမ်း​ယူနိုက်တက် အသင်း​မှ ဒုတိယဥက္ကဌ ကာရန်ဘရာဒီနှင့်​ ပတ်သက်ပြီး​လည်း​ နှစ်ဦး​သား​ စိတ်ထင်တိုင်း​ ​ပြောဆို​နေခဲ့​ကြသည်။ သို့​သော် ကံဆိုး​စွာပင် ၎င်းတို့​ပိတ်မထား​မိသည့်​ မိုက်ကရိုဖုန်း​ တစ်လုံး​ကြောင့်​ အဆိုပါကိစ္စသည် လူသိရှင်ကြား​ ဖြစ်သွား​ရသည်။ ထို့​နောက်တွင် မက်ဆီ​ရော၊​ ကာရန်ပါ သူမတို့​အား​ ​ဝေဖန်​ပြောဆိုမှုများ​အတွက် ဝန်ချ​တောင်း​ပန်ရန် ဖိအား​ပေး​ ​တောင်း​ဆိုခဲ့​သလို Skyကလည်း​ အစီအစဉ်မှူး​ နှစ်ဦး​လုံး​ကို တာဝန်မှ ​ခေတ္တရပ်ဆိုင်း​ထား​ခဲ့​သည်။ ယခုအခါ ဂ​ရေး​ကို ရာထူး​မှ ထုတ်ပယ်လိုက်ပြီဟု Sky က ​ ကြေညာသည်။

ကီး​၏ အ​နေအထား​မှာလည်း​ မ​သေမချာ ဖြစ်​နေပြီး​ ၎င်းလည်း​ ထုတ်ပယ်ခံရဖွယ်ရှိ​ကြောင်း​ ​ဝေဖန်မှုများ​ ထွက်​ပေါ်​နေသည်။ ကီး​နှင့်​ဂ​ရေး​တို့​၏ ​ပြောဆို​နေမှုများ​ ရုပ်မြင်သံကြား​မှတဆင့်​ ကြား​သိရသည့်​အတွက် ပရိသတ်များ​စွာ တအံ့​တဩ ဖြစ်ခဲ့​ရပြီး​နောက် လိင်ခွဲခြား​မှုအတွက် ပြင်း​ပြင်း​ထန်ထန် ရှုတ်ချခဲ့​ကြ​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here