ရုရှား​ဝန်ကြီး​ချုပ်ပူတင်နှင့်​ က​လေး​​တစ်​ယောက်ရှိသည်​ဆိုခြင်း​အား​ တိတ်တိတ်ပုန်း​​ချစ်သူ​ငြင်း​ဆို

alt

ရုရှား​ဝန်ကြီး​ချုပ် ဗလာဒီမာပူတင်၏ တိတ်တိတ်ပုန်း​ချစ်သူအဖြစ် နာမည်ထွက်​နေ​သော အမျိုး​သမီး​က သူမနှင့်​ ဝန်ကြီး​ချုပ်တို့​ က​လေး​တစ်​ယောက် ရထား​ကြောင်း​ သတင်း​များ​အား​ ငြင်း​ဆိုလိုက်သည်။

အိုလံပစ် ကျွမ်း​ဘား​မယ်​ ဟောင်း​ အလီနာ ကာဘာယီဗာက သူမနှင့်​ အမြဲအတူ ရှိ​နေသည်မှာ အချစ်ဆုံး​ တူ​လေး​သာဖြစ်ပြီး​ ​မော်စကိုတွင် လာ​ရောက်​နေထိုင်ခြင်း​ဖြစ်​ကြောင်း​ New York Post သတင်း​စာသို့​ ​ပြောကြား​ခဲ့​သည်။ လူအများ​က ထိုက​လေး​ကို မိမိ၏ သား​အဖြစ် ယူဆ​နေခြင်း​သာဖြစ်သည်ဟု အသက် ၂၇ နှစ် ရှိပြီဖြစ်​သော အူဇဘက်ကစ္စတန်ဖွား​ အလှမယ်ကဆိုသည်။

သူမက ရုရှား​ဝန်ကြီး​ချုပ်နှင့်​ ဆက်ဆံ​ရေး​ကို တိုက်ရိုက်​ပြောဆိုခြင်း​ မရှိ​သော်လည်း​ ဩဇာအာဏာ ကြီး​မား​သော အမျိုး​သား​များ​ကို သ​ ဘောကျ နှစ်သက်သည်ဟု ​ပြောဆိုသွား​သည်။ ကာဘာယီဗာသည် ၂၀၀၈ ခုနှစ်က ပူတင်နှင့်​ က​လေး​တစ်​ယောက် ရရှိခဲ့​ကြောင်း​ သတင်း​များ​ ထွက်​ပေါ်ခဲ့​သော်လည်း​ ငြင်း​ဆန်ခဲ့​သည်။ ယခုကိစ္စသည် ပူတင်အား​ နာမည်ဖျက်လိုသူများ​၏ ​ ကောလဟာလ ထုတ်လွှင့်​မှုသာ ဖြစ်​ကြောင်း​လည်း​ ပူတင်၏ နိုင်ငံ​ရေး​ မိတ်​ဆွေများ​ကဆိုသည်။

ပူတင်သည် ၂၀၁၂ ခုနှစ်တွင် သမ္မတ ဒီမီထရီ မက်ဗီဒက် ရာထူး​သက်တမ်း​ ပြည့်​ပါက ၎င်းယခင်ထမ်း​ဆောင်ဖူး​သော သမ္မတ ရာထူး​ကို ပြန်လည်ရယူရန် ​သေချာသ​လောက် ရှိ​နေ​ကြောင်း​ သတင်း​များ​က ​ဖော်ပြခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here