Facebook တည်​ထောင်သူ မတ်ဇက်ကာဘက်၏ Facebook Account အား​ Hack လုပ်ခံရ

alt

Facebook ဝက်ဆိုက် တည်​ထောင်သူ မတ်ဇက်ကာဘက်၏ Facebook Account မှာ Hack လုပ်ခြင်း​ ခံခဲ့​ရ​ကြောင်း​ သိရသည်။ ယင်း​သည် ပြင်သစ်သမ္မတ နီကိုလက် ဆာကိုဇီအပြီး​ ဒုတိယ​မြောက် လူသိရှင်ကြား​ ပုဂ္ဂိုလ်တစ်ဦး​၏ Facebook Account ကို တိုက်ခိုက်ခဲ့​ခြင်း​ဖြစ်သည်။

ဇက်ကာဘက်သည် ၎င်း၏ Account သို့​ Hacker များ​က ထိုး​ဖောက်တိုက်ခိုက်ထား​ကြောင်း​ ​ရေး​သား​ပေး​ပို့​သည့်​ Message ​ရောက်ရှိ​နေသည်ကို ​တွေ့​ရှိခဲ့​ရသည်။ Facebook ဝက်ဆိုက်က ဇက်ကာဘက်၏ Account မှာ Hack လုပ်ခံရသည်ဆို​သော သတင်း​နှင့်​ ပတ်သက်ပြီး​ တစုံတရာ မှတ်ချက်မ​ပေး​သေး​ချေ။ ကမ္ဘာ​ပေါ်တွင် လူ​ပေါင်း​ သန်း​ ရ၀၀ ဝန်း​ကျင်မျှ ပုံမှန်သုံး​စွဲ​နေသည့်​ Social Networking ဝက်ဆိုက်ကြီး​တွင် ယခုကဲ့​သို့​ နာမည်​ကျော်များ​၏ Account များ​ တိုက်ခိုက်ခံရခြင်း​သည် လုံခြံု​ရေး​အရ ​မေး​ခွန်း​ထုတ်စရာများ​ ဖြစ်လာခဲ့​သည်။

ယခုသီတင်း​ပါတ် အ​စောပိုင်း​က သမ္မတ ဆာကိုဇီ၏ Account ကို Hacker များ​က ထိုး​ဖောက်ဝင်​ရောက်ပြီး​ ၎င်းအ​နေနှင့်​ ၂၀၁၂ ​ရွေး​ကောက်ပွဲတွင် တ​ကျော့​ပြန် ပါဝင်ယှဉ်ပြိုင်မည် မဟုတ်​ကြောင်း​ အတုအ​ယောင် ​ကြေညာချက်ကို ​ရေး​သား​ဖော်ပြခဲ့​သေး​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here