မြွေ​​ပေါလွန်း​သည့်​ အ​မေရိကန်ရှိ​​နေအိမ် ​လျော့​ဈေး​ဖြင့်​ ​ရောင်း​ချရန် ​ကြေညာ​ထား​ရ

alt

အ​မေရိကန်နိုင်ငံတွင် ​ရောင်း​ချမည့်​ အိမ်တစ်လုံး​သည် ​မြွေများ​စွာ ခို​အောင်း​နေသဖြင့်​ ​ပေါက်​ဈေး​အောက် များ​စွာ​လျော့​နည်း​ပြီး​ ​ဈေး​ခေါ်ထား​ရ​ကြောင်း​ သိရသည်။ အိမ်ပိုင်ရှင်များ​ဖြစ်​သော ဘင်ဂျမင်ဆက်ရှင်နှင့်​ အမ်ဘာဆက်ရှင်တို့​သည်

​ဒေဝါလီ ခံလိုက်ပြီး​နောက် အဆိုပါအိမ်ကို Chase ဘဏ်က သိမ်း​ယူလိုက်သည်။ ဘင်ဂျမင်က ယင်း​အိမ်ကို ယခင်က ​ဈေး​ပေါ​ပေါနှင့်​ ဝယ်ယူထား​ခြင်း​ဖြစ်​ကြောင်း​၊​ အိမ်ခြံ​မြေ အကျိုး​ဆောင်ဌာနက ထိုအိမ်သို့​ ​မြွေများ​ မကြာခဏ လာ​လေ့​ရှိ​ကြောင်း​ ​ပြောဆိုသည့်​တိုင် အ​လေး​အနက် မထား​ဘဲ ဝယ်ခဲ့​မိ​ကြောင်း​ ​ပြောဆိုသွား​သည်။

သို့​သော် ၎င်းတို့​ထင်ထား​သည်ထက် ပမာဏ များ​ပြား​သော ​မြွေများ​သည် အိမ်၏ ​နေရာအနှံ့​တွင် လာ​ရောက်ခို​အောင်း​ ​နေထိုင်သည့်​ အခါ ဆက်ရှင်စုံတွဲမှာ မျက်လုံး​ပြူး​ခဲ့​ရသည်။ အ​မေရိကန်တွင် အများ​အား​ဖြင့်​ ​တွေ့​ရ​လေ့​ရှိပြီး​ လူကို အန္တရာယ် မပြုသလို အဆိပ်လည်း​မရှိသည့်​ ဂါတာ​မြွေများ​သည် ထိုအိမ်နှင့်​ အနီး​တဝိုက်တွင် ​ထောင်နှင့်​ချီ ​နေထိုင်​နေ​ကြောင်း​ သိရသည်။ တခါတရံ အုံခဲပြွတ်သိပ်​နေသည့်​ ​မြွေများ​စွာကိုပင် ​တွေ့​နေမြင်​နေခဲ့​ရ​ကြောင်း​ ဘင်ဂျမင်ကဆိုသည်။

Chase ဘဏ်အ​နေနှင့်​ ​ဒေါ်လာ ၁၇၅၀၀၀ မျှ တန်ဖိုး​ရှိ​သော အဆိုပါအိမ်ကို သိမ်း​ယူထား​သော်လည်း​ ဝယ်မည့်​သူ မရှိ​သော​ကြောင့်​ ​ဒေါ်လာ ၆၆၀၀၀ ဖြင့်​သာ ​ ရောင်း​ချမည်ဟု ​ဈေး​ခေါ်ထား​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here