အစား​အ​သောက်တွင် ​တွေ့​ရ​သော ဘက်တီး​ရီး​ယား​ပိုး​က အသက်​သေဆုံး​နိုင်သည်အထိ နှလုံး​ကို​ ထိခိုက်​စေ

alt

အစား​အ​သောက်တွင် ​တွေ့​ရှိရ​သော ဘက်တီး​ရီး​ယား​ တစ်မျိုး​သည် အသက်ဆုံး​ရှံုး​စေ​လောက်​အောင် နှလုံး​ကို ထိခိုက်​စေနိုင်​ကြောင်း​ အ​မေရိကန် သု​တေသီများ​က သတိ​ပေး​ ​ပြောဆိုလိုက်သည်။

ချီကာဂို​ဆေး​ကောလိပ်မှ သု​တေသီများ​သည် အစား​အ​သောက်များ​တွင် ရှင်သန်​လေ့​ရှိသည့်​ bacteria listeria monocytogenes ဘက်တီး​ရီး​ယား​၏ ဖျက်စီး​နိုင်စွမ်း​အား​ကို စမ်း​သပ်ခဲ့​သည်။ ယင်း​ဘက်တီး​ရီး​ယား​ကို နှလုံး​ကြွက်သား​တွင် ထိုး​သွင်း​စမ်း​သပ်ခဲ့​ရာ ကြွက်​ကောင်​ရေ ၉၀ ရာခိုင်နှုန်း​သည် နှလုံး​အပြင်း​အထန် ရုန်း​ကန်လှုပ်ရှား​မှု ဖြစ်​ပေါ်ခဲ့​ပြီး​ နှလုံး​ကြီး​ထွား​ရောင်ရမ်း​မှု ဖြစ်​ပေါ်ခဲ့​ကြောင်း​ ​တွေ့​ရှိခဲ့​ရသည်။ ယင်း​သု​တေသန လုပ်ငန်း​တွင် ဦး​ဆောင်ခဲ့​သော ပ​ရော်ဖက်ဆာ နန်စီဖရီတက်က ဘက်တီး​ရီး​ယား​ ပိုး​များ​သည် နှလုံး​အဆို့​တွင် မှီခိုရှင်သန်​ကြောင်း​၊​ သို့​သော်လည်း​ နှလုံး​နံရံ ကြွက်သား​များ​ကို အဓိက ဖျက်ဆီး​ပစ်​ကြောင်း​ ရှင်း​ပြခဲ့​သည်။

​အေး​ခဲထား​သည့်​ အစား​အ​သောက်များ​တွင် ​ပေါက်ဖွား​ရှင်သန်​လေ့​ရှိ​သော ဘက်တီး​ရီး​ယား​၏ ဖျက်ဆီး​နိုင်မှုစွမ်း​အား​ ကြီး​မား​သော်လည်း​ ၎င်း၏ လူ့​နှလုံး​သို့​ သက်​ရောက်မှုသည် အလွန်ဖြစ်ခဲ​ကြောင်း​လည်း​ ပ​ရော်ဖက်ဆာ နန်စီကဆိုသည်။ အစား​အ​သောက် သန့်​ရှင်း​မှု မရှိခြင်း​ကမူ ​ရောဂါ ဖြစ်နိုင်​ခြေကို တိုး​ပွား​စေပြီး​ ၎င်းသည် ​သေသည်အထိ ပြင်း​ထန်နိုင်​ကြောင်း​လည်း​ သူမက ဆက်လက်​ပြောဆိုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here