လေထုညစ်ညမ်း​မှုအတွက် အီး​ယူက ဗြိတိန်အစိုး​ရအား​ သတိ​ပေး​

alt

ဥ​ရောပယူနီယံ(အီး​ယူ)က ဗြိတိန်အစိုး​ရအား​ လန်ဒန်မြို့​၏ ​လေထုညစ်ညမ်း​မှုနှင့်​ ပတ်သက်၍ သတိ​ပေး​လိုက်​ကြောင်း​ သိရသည်။ လန်ဒန်တွင် ​လေထုညစ်ညမ်း​မှု ဖြစ်​ပေါ်လာခြင်း​ကြောင့်​ ဥ​ရောပယူနီယံ

စံနှုန်း​သတ်မှတ်ချက်များ​နှင့်​ ​လျော်ညီ​အောင် လုပ်​ဆောင်ရန် ၂၀၁၀ ပြည့်​နှစ်၊​ ဇွန်လက ဥ​ရောပ ​ကော်မရှင်သည် ဗြိတိန်အစိုး​ရအား​ ​နောက်ဆုံး​သတိ​ပေး​ခဲ့​ပြီး​ဖြစ်သည်။ သို့​သော်လည်း​ PM10 ဟု သတ်မှတ်ထား​သည့်​ ​လေထုအမှုန်အမွှား​များ​ လန်ဒန်မြို့​တွင် ဆက်လက်ပျံ့​နှံ့​နေဆဲဖြစ်သဖြင့်​ စံနှုန်း​မညီမှု​ကြောင့်​ ဗြိတိန်အစိုး​ရအ​နေနှင့်​ တရား​ဥပ​ဒေ​ကြောင်း​အရ ဥ​ရောပ ​ကော်မရှင်တွင် ​ဖြေရှင်း​ရနိုင်​ကြောင်း​ ဥ​ရောပ ယူနီယံ ​ကြေညာချက်တွင် ​ဖော်ပြခဲ့​သည်။

PM10 ​ခေါ် ​လေထုညစ်ညမ်း​စေသည့်​ ပစ္စည်း​များ​သည် အများ​အား​ဖြင့်​ စက်မှုလုပ်ငန်း​များ​၊​ ​မော်​တော်ယာဉ်များ​မှ ထွက်​ပေါ်လာ​လေ့​ရှိသည်။ ယင်း​သည် အဆုတ်ကင်ဆာနှင့်​ က​လေး​ငယ်များ​ ​သေဆုံး​ခြင်း​တို့​ကို ဖြစ်​ပေါ်​စေနိုင်​ကြောင်း​ သိရသည်။ ဗြိတိန်နိုင်ငံသည် ၂၀၁၁ ခုနှစ်၊​ ဇွန်လမတိုင်မီ လန်ဒန်မြို့​ပေါ်ရှိ PM10အဆင့်​ကို ​လျှော့​ချရန် လိုအပ်မည်ဖြစ်​ကြောင်း​ ဥ​ရောပယူနီယံ၏ ပတ်ဝန်း​ကျင် ထိန်း​သိမ်း​ရေး​ ​ကော်မရှင် အကြီး​အကဲ ဂျနက်ပိုတိုနစ်က သတိ​ပေး​ခဲ့​သည်။

လန်ဒန်မြို့​တော်ဝန် ​ဘောရစ်ဂျွန်ဆန်ကလည်း​ လန်ဒန်၏ ​လေထုညစ်ညမ်း​မှုသည် မြို့​တော်အတွင်း​ အသက်ငယ်ငယ်နှင့်​ ​သေဆုံး​မှု အနည်း​ဆုံး​ ၄၂၆၇ ခုနှင့်​ စပ်ဆက်​နေ​ကြောင်း​ ​ဝေဖန်​ပြောကြား​သွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here