​ဘေဂျင်း​မြို့​တော်မှ ပထမဆုံး​ လိင်တူ​လပ်ထပ်​ထိမ်း​မြား​မှု

alt

တရုတ်နိုင်ငံ၊​ ​ဘေဂျင်း​တွင် မြို့​တော်၏ ပထမဆုံး​ လိင်တူလက်ထပ် ထိမ်း​မြား​မှုတစ်ခုကို ပြုလုပ်ခဲ့​ကြောင်း​ သိရသည်။ ဒါဝမ်နှင့်​ ဇီယိုကွင်တို့​သည် လွန်ခဲ့​သော ၃ နှစ်က အင်တာနက်ရှိ Gay လူ့​အဖွဲ့​အစည်း​ တစ်ခုမှတဆင့်​

ချိတ်ဆက်​ တွေ့​ဆုံခဲ့​ပြီး​နောက် ယခုလို လက်ထပ်ရန် ဆုံး​ဖြတ်လိုက်ခြင်း​ဖြစ်သည်။ ဇန်နဝါရီ ၂၂ ရက်​နေ့​ လက်ထပ်ပွဲသို့​ ယင်း​တို့​၏မိတ်​ဆွေ ၅၀ ​ကျော် တက်​ရောက်ခဲ့​ကြောင်း​ ​ဘေဂျင်း​တိုင်း​ သတင်း​စာက ​ဖော်ပြခဲ့​သည်။ မိမိတို့​အ​နေနှင့်​ အခြား​သော စုံတွဲများ​ နည်း​တူ ​အေး​ချမ်း​တည်ငြိမ်​သော သာမန်ဘဝတစ်ခုကို ပိုင်ဆိုင်လို​ကြောင်း​၊​ အမှန်ဆိုလျင် လက်ထပ်ပွဲ ကျင်း​ပခြင်း​မှာ မရှိမဖြစ် လိုအပ်​သော ကိစ္စမဟုတ်​ကြောင်း​ ကွင်ကဆိုသည်။

ယခုအခါ လူ့​အသိုင်း​အဝိုင်း​သည် ပိုမိုပွင့်​လင်း​သော အမြင်မျိုး​ ရှိလာ​ ကြောင်း​၊​ ယင်း​က မိမိတို့​၏ ချစ်​မေတ္တာကို ရဲရဲရင့်​ရင့်​ ဖွင့်​ဟပြနိုင်ရန် တွန်း​အား​တစ်ရပ် ဖြစ်လာ​စေခဲ့​ကြောင်း​ ဝမ်က ​ပြောဆိုသွား​သည်။ ယခုစုံတွဲသည် တရုတ်တွင် ပထမဆုံး​ လက်ထပ်ထိမ်း​မြား​သော လိင်တူချင်း​ စိတ်ဝင်စား​သည့်​ စုံတွဲမဟုတ်​ချေ။ တရုတ်​တောင်ပိုင်း​ ဂွမ်​ဒေါင်း​တွင် ယခင်က အမျိုး​သမီး​ချင်း​ လက်ထပ်မှုတစ်ခု ရှိခဲ့​ဖူး​သည်။ ပြည်သူ့​ရေး​ရာ ဝန်ကြီး​ဌာနက လက်ထပ်ထိမ်း​မြား​မှု Certificate ထုတ်​ပေး​ခဲ့​ခြင်း​အ​ပေါ် ဂုဏ်ယူ​နေသည့်​ ကွင်နှင့်​ ဝမ်တို့​အတွက် လက်ထပ်ပွဲ အစီအစဉ်မှူး​ အဖြစ် HIV/AIDS တိုက်ဖျက်​ရေး​အဖွဲ့​ ​ဘေဂျင်း​သက်တံ့​မှ အဆင့်​မြင့်​ အရာရှိ တစ်ဦး​ဖြစ်သူ ဇီယိုဒွန်က ​ဆောင်ရွက်​ပေး​ခဲ့​သည်။

ယခုလက်ထပ်မှုသည် လိင်တူချင်း​ ဆက်ဆံမှုများ​ကြောင့်​ HIVပိုး​ ကူး​စက်မှု မြင့်​တက်လာခြင်း​အား​ ​လျော့​နည်း​စေမည့်​ လုပ်​ဆောင်မှုတစ်ခုဟု ယူဆ​ကြောင်း​ ဒွန်က သတင်း​ထောက်များ​ထံ ​ပြောကြား​သွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here