လုပ်​ဖော်ကိုင်ဖက်၏ ရုံး​ခန်တံခါး​တွင် အ​ပေါ့​သွား​ခဲ့​သည့်​ အ​မေရိကန်မှ တက္ကသိုလ်ပ​ရော်ဖက်ဆာ

alt

အ​မေရိကန်နိုင်ငံ၊​ ကယ်လီဖိုး​နီး​ယား​ပြည်နယ် တက္ကသိုလ်မှ ပ​ရော်ဖက်ဆာ တစ်ဦး​သည် လုပ်​ဖော်ကိုင်ဖက် တစ်ဦး​၏ ရုံး​ခန်း​တံခါး​တွင် အ​ပေါ့​သွား​ခဲ့​သည့်​အတွက် စွဲချက်တင်ခံထား​ရသည်။

လျှို့​ဝှက်တပ်ဆင်ထား​သည့်​ လုံခြံု​ရေး​ ကင်မရာက အသက် ၄၃ နှစ်အရွယ် ပ​ရော်ဖက်ဆာ တီဟိုမာ ပက်ထ​ရော့​၏ လုပ်ရပ်ကို မှတ်တမ်း​တင်ထား​နိုင်ခဲ့​သည်။ ထိုလုပ်ရပ်အတွက် အ​သေး​စား​ စွဲချက်နှစ်ခုနှင့်​ သင်္ချာဘာသာ ပ​ရော်ဖက်ဆာ ပက်ထ​ရော့​တစ်​ယောက် ရင်ဆိုင်​နေရသည်။ ဒီဇင်ဘာလအတွင်း​က တက္ကသိုလ်ရှိ အခြား​ဆရာတစ်ဦး​၏ ရုံး​ခန်း​တံခါး​ကို ချိန်ရွယ်ပြီး​ ​ဒေါက်တာပက်ထ​ရော့​ အ​ပေါ့​သွား​ခဲ့​ကြောင်း​ ရဲတပ်ဖွဲ့​က အတည်ပြုခဲ့​သည်။

တံခါး​ပေါ်တွင် အ​ပေါ့​သွား​ထား​ကြောင့်​ ​တွေ့​ရသည့်​အတွက် လုံခြံု​ရေး​ ကင်မရာကို ပြန်လည်စစ်​ဆေး​ရာမှ ​ဒေါက်တာပက်ထ​ရော့​၏ ပုံရိပ်ကို ​တွေ့​ရှိခဲ့​ခြင်း​ဖြစ်သည်။ ပက်ထ​ရော့​၏ ​ရှေ့​နေဖြစ်သူ ဂရက်ဝိုင်နီရိုက်က မိမိ၏ အမှုသည်မှာ စာရိတ္တပိုင်း​ဆိုင်ရာ အပြစ်​ပြောစရာ မလိုသူတစ်ဦး​ဖြစ်​ကြောင်း​၊​ ၎င်းတွင် အပြစ်မရှိ​ကြောင်း​ ကာကွယ်သွား​မည်ဖြစ်​ကြောင်း​ ​ပြောဆိုခဲ့​သည်။

ပြစ်မှုထင်ရှား​ကြောင်း​ တရား​ရုံး​က ဆုံး​ဖြတ်ခဲ့​ပါက ပက်ထ​ရော့​အ​နေနှင့်​ ​ဒေါ်လာ ၁၀၀၀ ထိ ဒဏ်​ငွေဖြစ်​စေ၊​ ​ထောင်ဒဏ် ၁ နှစ်ထိဖြစ်​စေ ကျခံရနိုင်​ကြောင်း​ သတင်း​ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here