​မော်စကိုမြို့​တော်​​လေဆိပ်တွင် အ​သေခံ​ဗုံး​ခွဲမှု​ကြောင့်​ လူ​အများ​အပြား​​​သေဆုံး​ခဲ့

alt

ရုရှား​နိုင်ငံ၊​ ​မော်စကိုမြို့​တော်ရှိ အဓိက ​လေဆိပ်ကြီး​တစ်ခုတွင် အ​သေခံ ဗုံး​ခွဲမှုတစ်ခု ဖြစ်ပွား​ခဲ့​ရာ ၃၄ ဦး​ ​သေဆုံး​သွား​ကြောင်း​ သိရသည်။ ဇန်နဝါရီ ၂၄ ရက်​နေ့​ ​နေ့​လယ်ပိုင်း​က အ​သေခံ ဗုံး​သမား ​တစ်ဦး​သည် ဒိုမိုဒီဒိုဗို ​

လေဆိပ် အတွင်း​ မိမိကိုယ်ကိုယ် အ​သေခံ ​ဖောက်ခွဲလိုက်ခြင်း​ ဖြစ်​ကြောင်း​ မျက်မြင်များ​ ကဆိုသည်။ ​ပေါက်ကွဲမှု​ကြောင့်​ ​နောက်ထပ်လူ ၁၆၈ ဦး​ ဒဏ်ရာများ​ ရရှိခဲ့​သည်။ ရုရှား​သမ္မတ ဒီမီထရီ မက်ဗီဒက်က ယခုကိစ္စကို ပြင်း​ပြင်း​ထန်ထန် ရှုတ်ချ လိုက်ပြီး​ အကြမ်း​ဖက် သမား​များ​အား​ ရှာ​ဖွေ​ ဖော်ထုတ်သွား​မည်ဟု ​ကြေညာခဲ့​သည်။

ရုရှား​ထောက်လှမ်း​ရေး​ ​ကော်မတီ ​ပြော​ရေး​ဆိုခွင့်​ရ အရာရှိ ဗလာဒီမာ မာကင်က အမျိုး​သား​တစ်ဦး​သည် ယမ်း​ ရ ကီလိုဂရမ်မျှကို သယ်​ဆောင်ကာ ယခုလို ​ဖောက်ခွဲခဲ့​ခြင်း​ဟု ​ပြောဆိုသွား​သည်။ ရုရှား​အစိုး​ရက အ​သေခံ ဗုံး​ခွဲမှု ကျူး​လွန်မှုကို ခွဲထွက်​ရေး​ ​ပြောက်ကျား​များ​က ကြိုး​ကိုင်​နေခြင်း​ဟု သံသယရှိ​နေသည်။ ​မြောက်ပိုင်း​ကော်​ကေး​ဆပ် ​ဒေသရှိ ​ပြောက်ကျား​တပ်ဖွဲ့​များ​သည် ယခင်ကလည်း​ အကြမ်း​ဖက်မှုများ​ ကျူး​ လွန်ခဲ့​ကြောင်း​ ရုရှား​အစိုး​ရက ​ပြောဆိုခဲ့​သည်။

အခြား​သော သတင်း​များ​အရ ရုရှား​အစိုး​ရ ဆန့်​ကျင်​ရေး​ ​ပြောက်ကျား​ခေါင်း​ဆောင် တစ်ဦး​ဖြစ်သည့်​ ဒိုကူအူမာ​ရော့​က ယခုဗုံး​ခွဲမှုအား​ ၎င်းစီမံခန့်​ခွဲခဲ့​သည်ဟု ​ပြောဆိုထား​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here