သေလု​မြောပါး​ဖြစ်​နေသည့်​ ဗြိတိန်​အမျိုး​သမီး​ ဓား​ပြ​ပါ​တိုက်ခံ​လိုက်ရ

alt

သေလု​မြောပါး​ အ​ခြေအ​နေဖြင့်​ လမ်း​ပေါ်လဲ​နေသည့်​ အမျိုး​သမီး​တစ်ဦး​မှာ အကူအညီမရသည့်​အပြင် ဓား​ပြပါ အတိုက်ခံလိုက်ရ​ကြောင်း​ သိရသည်။ ဗြိတိန်နိုင်ငံ၊​ မန်ချက်စတာမြို့​ လမ်း​မတစ်ခုတွင် အသက် ၄၇ နှစ်အရွယ်ရှိ လင်း​ဆေး​ပလမ်း​သည်

ညပိုင်း​တွင် အိမ်အနီး​ရှိ အရက်ဆိုင် တစ်ခုမှ လမ်း​လျှောက်ပြန်လာစဉ် သတိလစ် ​မေ့​မြော​နေသည်ကို ခင်ပွန်း​ဖြစ်သူ အင်ဒရူး​က ​တွေ့​ရှိခဲ့​သည်။ ၎င်းသည် ဇနီး​သည် ပြန်မလာသဖြင့်​ စိတ်ပူပြီး​ လိုက်ရှာ​နေခြင်း​ဖြစ်သည်။

CCTV ကင်မရာ မှတ်တမ်း​များ​က လင်း​ဆေး​သတိ​မေ့​ လဲကျ​နေစဉ် စက်ဘီး​စီး​လာသူ နှစ်ဦး​သည် အမျိုး​သမီး​၏ ပိုက်ဆံအိတ်ကို လုယူထွက်​ပြေး​သွား​သည်ဟု ယူဆရသည့်​ အ​ထောက်အထား​မျိုး​ ​ဖော်ထုတ်​တွေ့​ရှိခဲ့​သည်။ အ​ရေး​ပေါ် သူနာပြု အဖွဲ့​များ​ ​ရောက်ရှိလာချိန်တွင် ပိုက်ဆံအိတ်မှာ မရှိ​တော့​ပေ။ ရဲများ​က မသင်္ကာသူ စက်ဘီး​သမား​ နှစ်ဦး​အား​ ​ခြေရာခံ ရှာ​ဖွေလျက်ရှိသည်။ စုံ​ထောက်အရာရှိ ဖရန့်​မောရစ်က အမျိုး​သား​နှစ်ဦး​သည် စက်ဘီး​မှဆင်း​ကာ လင်း​ဆေး​အနီး​ ချဉ်း​ကပ်သွား​သည်ကို ကင်မရာက မှတ်တမ်း​တင်နိုင်ခဲ့​ကြောင်း​၊​ သို့​သော် ဘာဆက်ဖြစ်သည်ကိုမူ အတိအကျ မသိရ​ကြောင်း​ ​ပြောဆိုခဲ့​သည်။

လင်း​ဆေး​သည် ​နောက်ပိုင်း​တွင် ​သေဆုံး​သွား​ကြောင်း​ ရဲများ​ကဆိုသည်။ သို့​သော် ရဲတပ်ဖွဲ့​က လင်း​ဆေး​သေဆုံး​မှုသည် ရာဇဝတ်မှုနှင့်​ မပတ်သက်ဘဲ သူမ၏ ကျန်း​မာ​ရေး​ ယိုယွင်း​မှု​ကြောင့်​သာဖြစ်​ကြောင်း​ ​ပြောဆိုခဲ့​သည်။ သို့​သော် လမ်း​ပေါ်တွင် လဲကျ​နေသူ အမျိုး​သမီး​တစ်ဦး​အား​ ကူညီခြင်း​မပြုဘဲ အခွင့်​ကောင်း​ယူခဲ့​သည့်​ လုပ်ရပ်မျိုး​မှာ အလွန်စက်ဆုပ်စရာဖြစ်​ကြောင်း​ ​မောရစ်က The Sunသတင်း​စာသို့​ ​ပြောကြား​သွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here