ဆယ်​ကျော်သက်က​လေး​ အများ​အပြား​အား​ မုဒိမ်း​ကျင့်​ခဲ့​သည့်​ အင်ဒိုး​နီး​ရှား​မှ အရုပ်​ရောင်း​သူ

alt

အင်ဒိုနီး​ရှား​ နိုင်ငံတွင် ဆယ်​ကျော်သက် က​လေး​ငယ် ၉၆ ဦး​အား​ မုဒိမ်း​ကျင့်​ခဲ့​သည့်​ အရုပ်​ရောင်း​သူ တစ်ဦး​အား​ ရဲများ​က ဖမ်း​ဆီး​လိုက်​ကြောင်း​ သိရသည်။

အသက် ၃၄ နှစ်ရှီ အဆိုပါ အမျိုး​သား​အား​ ဂျာကာတာမြို့​တော်တွင် ပြီး​ခဲ့​သည့်​ သီတင်း​ပါတ်က ဖမ်း​ဆီး​ရမိ​ကြောင်း​ ​ထောက်လှမ်း​ရေး​ဌာနမှ ​ရေး​နိုး​ဟူတာဂါလန်ကဆိုသည်။ ယင်း​၏ သား​ကောင်ဖြစ်ခဲ့​သော က​လေး​ငယ်တစ်ဦး​၏ မိဘများ​က က​လေး​ငယ် ​ပျောက်ဆုံး​မှု​ကြောင့်​ တိုင်ကြား​ပြီး​နောက် ရဲက မုဒိမ်း​သမား​အား​ ရှာ​ဖွေဖမ်း​ဆီး​နိုင်ခဲ့​ခြင်း​ဖြစ်သည်။ အရုပ်​ရောင်း​သမား​သည် က​လေး​ငယ်ကို ၄၅ ရက်ကြာမျှ ဖမ်း​ဆီး​ချုပ်​နှောင်ထား​စဉ် အ​တောအတွင်း​ အကြိမ်ကြိမ် မုဒိမ်း​ကျင့်​ခဲ့​သလို အခြား​သော အမျိုး​သား​ကြီး​များ​ကိုလည်း​ လိင်ပိုင်း​ဆိုင်ရာ ​ဖျော်​ဖြေမှုများ​ ပြုလုပ်ရန် အတင်း​စေခိုင်း​ခဲ့​ကြောင်း​ သိရသည်။

ရဲများ​က ဖမ်း​ဆီး​ရမိထား​သော သံသယ တရား​ခံသည် ပြီး​ခဲ့​သော ၂ နှစ်အတွင်း​ အသက် ၁၃ နှစ်မှ ၁၇ နှစ်အရွယ် က​လေး​ငယ် ၉၆ ဦး​ကို မုဒိမ်း​ကျင့်​ခဲ့​သည်ဟု ယုံကြည်ရ​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ ထိုမုဒိမ်း​သမား​သည် သား​ကောင်ဖြစ်ခဲ့​ရှာသူ က​လေး​ငယ်များ​အ​ကြောင်း​ အ​သေး​စိတ် စာရင်း​ပြုစုထား​ခဲ့​သည်ဟု ရဲများ​ကဆိုသည်။ ယင်း​အား​ တရား​ရုံး​တွင် မုဒိမ်း​မှုနှင့်​ စွဲချက်တင်မည်ဖြစ်ပြီး​ ပြစ်မှုထင်ရှား​ပါက ​ထောင်ဒဏ် ၁၅ နှစ်ထိ ချမှတ်နိုင်​ကြောင်း​ သတင်း​ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here