ဟန်​ဂေရီနိုက်ကလ်တစ်ခုတွင် ​ကြောက်လန့်​တကြား​ ​ပြေး​လွှား​ရာမှ လူနင်း​ခံရ၍ ​သေဆုံး​မှုများ​ဖြစ်

alt

ဟန်​ဂေရီနိုင်ငံ နိုက်ကလပ်တစ်ခုတွင် လူအများ​ အလန့်​တကြား​ ​ပြေး​လွှား​ကြရာမှ မိန်း​က​လေး​ ၃ ဦး​ လူပိ​သေဆုံး​ခဲ့​ကြောင်း​ သိရသည်။ ဇန်နဝါရီလ ၁၅ ရက်​နေ့​က ဖြစ်ပွား​ခဲ့​သော ကိစ္စ​ကြောင့်​ အဆိုပါ နိုက်ကလပ်တွင် ပွဲတစ်ခု

ကျင်း​ပပြုလုပ်ရန် စီစဉ်ခဲ့​သည့်​ Organizer များ​ အပါအဝင် လူ ၅ ဦး​ကို ရဲက ဖမ်း​ဆီး​ခဲ့​သည်။ ဘူတာပက်မြို့​တော် ရဲတပ်ဖွဲ့​ ​ပြော​ရေး​ဆိုခွင့်​ရ အရာရှိ ကာတာလင် ဖန်နီ​ဟောဗက်က မိန်း​က​လေး​များ​ ​သေဆုံး​မှုသည် လူအများ​၏ တာဝန်မဲ့​မှု​ကြောင့်​ဟု ​ပြောကြား​ခဲ့​သည်။

မိန်း​က​လေး​များ​ လဲကျစဉ် လူအများ​ ဖြတ်နင်း​ပြေး​လွှား​ရာမှ ​သေဆုံး​သွား​ခြင်း​ဟု ​ဆေး​ဖက်ဆိုင်ရာ စစ်တမ်း​များ​ကဆိုသည်။ သို့​သော်လည်း​ မိန်း​က​လေး​ ၃ ဦး​ ဓား​ထိုး​ခံရသည်ဆို​သော သတင်း​များ​ကိုမူ ရဲတပ်ဖွဲ့​က ငြင်း​ဆန်ခဲ့​သည်။ အ​နောက်​ဘော်ကန်ရှိ နိုက်ကလပ်တစ်ခုတွင် ပွဲတစ်ခု ကျင်း​ပရာမှ မည်သည့်​ကိစ္စ​ကြောင့်​ဟု အတိအကျ မသိရ​သော အ​ကြောင်း​ရင်း​ကြောင့်​ လူအများ​ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့​ခြင်း​ဟု သိရသည်။ အဆိုပါ နိုက်ကလပ်သည် အများ​ဆုံး​ လူ ၃၀၀ ထိသာ ဝင်ဆံ့​သော်လည်း​ ထိုစဉ်က လူ ၂၅၀၀ ခန့်​ထိ ရှိ​နေသည်ဟု ယူဆရကြာင်း​ သိရသည်။ ပွဲစီစဉ်သည့်​ Night Noise Life ကုမ္ပဏီသည် လက်မှတ်​ပေါင်း​ ၂၈၈၁ ​စောင်ထိ ​ရောင်း​ချထား​ရပြီး​ ပြည်ထဲ​ရေး​ ဝန်ကြီး​ဌာနက လက်မှတ်​စောင်​ရေ ၄၀၀၀ ထိ ရိုက်နှိပ်ထား​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

ဟန်​ဂေရီ ဝန်ကြီး​ချုပ် ဗစ်တာ​အော်ဘန်နှင့်​ ဇနီး​သည် အနီကိုလီ​ဗေး​တို့​သည် အခင်း​ဖြစ်ရာ နိုက်ကလပ်သို့​ သွား​ရောက်ပြီး​ ​သေဆုံး​ခဲ့​သူများ​၏ မိသား​စုနှင့်​အတူ ဝမ်း​နည်း​ကြေကွဲမှု အထိမ်း​အမှတ် ဖ​ယောင်း​တိုင်များ​ ထွန်း​ညှိခဲ့​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here