အ​မေရိကန်တွင် ခွဲစိတ်အထူး​ကု ဆရာဝန်များ​ မိမိ​ကိုယ်ကိုယ် သတ်​သေမှုပိုများ​

alt

အ​မေရိကန်နိုင်ငံတွင် ခွဲစိတ်အထူး​ကု ဆရာဝန်များ​​၏ မိမိ​ကိုယ်ကိုယ် သတ်​သေမှုသည် အခြား​သော လူတန်း​စား​များ​ထက် ပိုမိုမြင့်​မား​ကြောင်း​ သိရသည်။ စစ်တမ်း​များ​ အရ ခွဲစိတ်​ဆရာဝန်များ​ ၆ ရာခိုင်နှုန်း​သည် ​သေ​ကြောင်း​ကြံ​လေ့​ရှိရာ

ယင်း​ပမာဏသည် ခွဲစိတ်​အထူး​ကု ၁၆ ဦး​တွင် ၁ ဦး​က မိမိ​ကိုယ်ကိုယ် သတ်​သေ​​နေခြင်း​ဟု သတ်မှတ်​နိုင်မည်ဖြစ်သည်။ Archieves of Surgery ​ဆေး​ပညာ ဂျာနယ်တွင် ​ဖော်ပြ​ထား​သော ​လေ့​လာမှု ရလဒ်များ​​အရ ခွဲစိတ်​ကုသမှုများ​သည် စိတ်ဖိအား​ များ​လွန်း​ခြင်း​ကြောင့်​ ယခုလို ​ဘေး​ထွက်​ဆိုး​ကျိုး​မျိုး​ ဖြစ်လာခြင်း​ဟု ယူဆ​နိုင်​ကြောင်း​ ပါရှိသည်။

အထူး​သဖြင့်​ ခွဲစိတ်မှု တစ်ခု၏ အမှား​အယွင်း​သည် အကျိုး​သက်​ရောက်မှု ကြီး​မား​လွန်း​သည့်​အတွက် ဖိအား​များ​လှ​ကြောင်း​ စစ်တမ်း​တွင် သ​ဘောထား​ ပါဝင်​ဖြေဆိုခဲ့​သူ ဆရာဝန် ၈၀၀၀ နီး​ပါး​အနက် အများ​စုက ​ဖြေဆိုသွား​သည်။ ထို့​အပြင် ခွဲစိတ်အထူး​ကု အများ​စုသည် အလုပ်အကိုင်​နေရာ ဆုံး​ရှံုး​မည်ကို သာမန်ထက် ပိုမိုစိုး​ရိမ်​လေ့​ ရှိ​နေသည်ဟုဆိုသည်။

ယခုစစ်တမ်း​ကို ၂၀၀၈ ခုနှစ်​နောက်ပိုင်း​ ခွဲစိတ်အထူး​ကု ရ၉၀၅ ဦး​အား​ အ​မေရိကန် ခွဲစိတ်အထူး​ကု ​ကောလိပ်က သ​ဘောထား​ကောက်ခံ ​မေး​မြန်း​ပေး​ခဲ့​ခြင်း​ဖြစ်​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here