လူနာနှင့်​ လိင်​ဆက်ဆံခဲ့​သည့်​ အ​မေရိကန် သူနာပြု​​ဆရာမ အား​ အလုပ်မှ​​ထုတ်ပယ်

alt

အ​မေရိကန်နိုင်ငံ၊​ ​ဆေး​ရုံတစ်ခုမှ သူနာပြုဆရာမ တစ်ဦး​အား​ လူနာနှင့်​ လိင်ဆက်ဆံ​ကြောင်း​ ​တွေ့​ရှိသဖြင့်​ အလုပ်ထုတ်လိုက်​ကြောင်း​ သိရသည်။ အသက် ၃၃ နှစ်ရှိ အမ်ဘာဗန်ဘရန့်​သည် ဩဂုတ်လအတွင်း​က

အိမ်​ထောင်သည် တစ်ဦး​ဖြစ်ပြီး​ အသည်း​အသန် နာမကျန်း​ဖြစ်​နေ​သော လူနာနှင့်​ လိင်ဆက်ဆံခဲ့​ကြောင်း​ ​ဖော်ထုတ်​တွေ့​ရှိခဲ့​သည့်​အတွက် ယခုအခါ သူမ အနှစ် ၂၀ လုံး​လုံး​ လုပ်ကိုင်ခဲ့​သည့်​ သူနာပြုလုပ်ငန်း​ လိုင်စင်ကိုပါ သိမ်း​ယူလိုက်​ကြောင်း​ အိုကလာဟိုး​မား​ သူနာပြု ဘုတ်အဖွဲ့​က ​ကြေညာခဲ့​သည်။

အမ်ဘာသည် အိုကလာဟိုး​မား​ တရား​ရုံး​မှတဆင့်​ ဘုတ်အဖွဲ့​၏ တရား​လက်မဲ့​ ဆုံး​ဖြတ်ချက်အ​ပေါ် ပြန်လည်ရုတ်သိမ်း​ပေး​ရန် အ​ရေး​ဆိုထား​သည်။ ဘုတ်အဖွဲ့​က အမ်ဘာသည် အသက် ၄၃ နှစ်ရှိပြီး​ လူဂါရစ် ​ဝေဒနာ​ကြောင့်​ ဘီး​တပ်ကုလား​ထိုင်နှင့်​ သွား​လာ​နေရသူ အသက် ၄၃ နှစ်အရွယ် ခရစ်ရီတာနှင့်​ လိင်ပိုင်း​ဆိုင်ရာ ဆက်ဆံမှုများ​ ရှိခဲ့​ကြောင်း​ အ​ထောက်အထား​များ​ ရရှိထား​သည်ဟု ​ပြောဆိုသွား​သည်။ ရီတာက ပထမပိုင်း​တွင် ငြင်း​ဆိုခဲ့​သော်လည်း​ ​နောက်ပိုင်း​တွင်မူ အမ်ဘာသည် ၎င်းအား​ ​သွေး​ဆောင်ခဲ့​ကြောင်း​ ဖွင့်​ဟခဲ့​သည်။ ရီတာ၏ အသက် ၄၁ နှစ်ရှိ ဇနီး​သည် လစ်ဇီရီတာက ယင်း​အတွက် ဘုတ်အဖွဲ့​အား​ တိုင်ကြား​ခဲ့​ခြင်း​ဖြစ်သည်။

လူနာမှာ ၆ လမျှသာ အသက်ရှင်​တော့​မည်ဟု ဆရာဝန်များ​က ခန့်​မှန်း​ထား​ပြီး​ ယခုကိစ္စ​ကြောင့်​ ခင်ပွန်း​သည်မှာ မိမိကိုယ်ကိုယ် ​သေ​ကြောင်း​ကြံရန် ကြိုး​စား​ခဲ့​ကြောင်း​ လစ်ဇီကဆိုသည်။ ထိုကိစ္စသည် ​ကြောက်စရာ​ကောင်း​ပြီး​ သစ္စာ​ဖောက်မှုအဖြစ် ခံစား​ရ​ကြောင်း​လည်း​ လစ်ဇီက ​ပြောဆိုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here