အ​မေရိကန် သမိုင်း​ဝင်​တိုက်သ​င်္ဘော ပုံစံငယ်​အား​ နှစ် ၃၀ ကြာ အချိန်ယူ​ဖန်တီး​

alt

အ​မေရိကန်ရှိ ဒီဇိုင်း​ပုံစံငယ် ဖန်တီး​သူ နှစ်ဦး​က ၎င်းတို့​သည် အ​မေရိကန်၏ သမိုင်း​ဝင် တိုက်သ​င်္ဘော USS New Mexico ၏ ပုံစံငယ်ကို နှစ် ၃၀ ကြာ​အောင် အချိန်ယူ ဖန်တီး​ခဲ့​ရ​ကြောင်း​ ထုတ်​ဖော်​ပြောကြား​​လိုက်သည်။

ဆီဆယ်ဝှစ်ဆန်နှင့်​ ကိတ်လီ​ယော့​တာတို့​သည် ပထမ ကမ္ဘာစစ်က အသုံး​ပြုခဲ့​သည့်​ သ​င်္ဘော၏ သမိုင်း​အချက်အလက်ဆိုင်ရာ များ​စွာကို တိတိကျကျ သိရှိရန် အချိန်ယူ စု​ဆောင်း​​ခဲ့​ရ​ကြောင်း​ ​ပြောဆို​သွား​သည်။ အယ်ဗျူကွာကူတွင် ​နေထိုင်​သော ဒီဇိုင်း​ဖန်တီး​သူ နှစ်ဦး​တို့​သည် နယူး​ယောက် သ​င်္ဘောကျင်း​တွင် ပထမကမ္ဘာစစ် ပြီး​ခါနီး​ အချိန်က တည်​ဆောက်ခဲ့​သော သ​င်္ဘော၏ ပုံစံတူကို အပြီး​သတ်နိုင်ခဲ့​ပြီး​နောက် ၁း​ ၉၆ ရှိ​သော ပုံစံကို နယူး​မက္ကစီကို သမိုင်း​ပြတိုက်တွင် ပြသရန် စီစဉ်​နေပြီဖြစ်သည်။

ယင်း​သ​င်္ဘော ပုံစံငယ်သည် အလျား​ ရ ​ပေနှင့်​ အမြင့်​ ၂ ​ပေရှိသည်။ ယင်း​သ​င်္ဘော ပုံစံငယ်ကို ပြတိုက်တွင် A Noble Legacy: The New Mexico အမည်ဖြင့်​ ပြသရန် စီစဉ်ထား​ကြောင်း​ သတင်း​ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here