အစ္စ​ရေး​အာဏာပိုင်များ​ ဖွင့်​လှစ်​ပေး​ ခရစ်ယာန် ဘာသာ​ရေး​ အထွတ်အမြတ်​​နေရာတွင် မိုင်း​ကွင်း​များ​​​ဝန်း​ရံ​နေ

alt

ခရစ်ယာန် ဘာသာ​ရေး​အရ အမြင့်​မြတ်ဆုံး​ အထွတ်အမြတ် ​နေရာတစ်ခုကို မကြာ​သေး​မီက အစ္စ​ရေး​ အာဏာပိုင်များ​က ဖွင့်​လှစ်​ပေး​ခဲ့​သော်လည်း​ ၎င်း​နေရာသည် မိုင်း​ကွင်း​များ​ ဝန်း​ရံ​နေဆဲဟု သိရသည်။

ဂျီး​ဆက်ခရစ်အား​ သူ​တော်စင်ဂျွန်က ​ရေဖျန်း​မင်္ဂလာ ပြု​ပေး​ခဲ့​ရာ ​နေရာသည် ယခုအချိန်တွင်လည်း​ ​ထောင်​ပေါင်း​များ​စွာ​သော ​မြေမြှုပ်မိုင်း​များ​ ဝန်း​ရံ​နေဆဲဖြစ်သည်။ အစ္စ​ရေး​က ခရစ်ယာန် ဘုရား​ဖူး​များ​နှင့်​ ကမ္ဘာလှည့်​ ခရီး​သည်များ​ လာ​ရောက်လည်ပတ်နိုင်သည့်​ ကွက်အယ်ယာဟွတ်အမည်ရှိ ​နေရာသည် လုံခြံုမှုအပြည့်​ ရှိ​သော်လည်း​ ယင်း​နေရာထက်​ကျော်ကာ အန္တရာယ်ရှိ​ကြောင်း​ သတ်မှတ်ထား​သည့်​ ဧရိယာများ​သို့​ မသွား​ရောက်ရန် သတိ​ပေး​ထား​သည်။ ဇန်နဝါရီလ ၁၈ ရက်​နေ့​က ကမ္ဘာအနှံ့​မှ ခရစ်ယာန် ကမ္ဘာလှည့်​ ခရီး​သည် ၁၅၀၀၀ ခန့်​တို့​သည် နှစ်ဖက်စာ ခြံစည်း​ရိုး​များ​ ကာရံထား​သည့်​ မိုင်း​ကွင်း​အလယ် လမ်း​ကြောင်း​မှ ဖြတ်သန်း​ကာ ယင်း​နေရာတွင် လာ​ရောက်ဝတ်ပြုခဲ့​ကြသည်။

အစ္စ​ရေး​သည် ၁၉၆၇ ခုနှစ်၊​ အ​ရှေ့​အလယ်ပိုင်း​ စစ်ပွဲအပြီး​ ယင်း​ဒေသကို ထိန်း​သိမ်း​ထား​သော်လည်း​ မိုင်း​အ​မြောက်အမြား​ ကျန်​နေ​သေး​ပြီး​ လုံခြံု​ရေး​အရ စိုး​ရိမ်စရာများ​ ရှိ​နေ​သော​ကြောင့်​ စစ်​ကြောင်း​အ​စောင့်​အ​ရှောက် မပါဘဲ သွား​ရောက်ခွင့်​ မပြုခဲ့​ချေ။ ယခင်က စစ်တပ်အ​စောင့်​အ​ရှောက်ဖြင့်​ အဆိုပါ​နေရာသို့​ နှစ်စဉ်လူ​ခြောက်​သောင်း​မျှ လာ​ရောက်​လေ့​ရှိ​သော်လည်း​ ယခုကဲ့​သို့​ မိုင်း​ရှင်း​လမ်း​ ဖွင့်​လှစ်​ပေး​နိုင်ခဲ့​သဖြင့်​ နှစ်စဉ်ခရီး​သွား​အ​ရေအတွက် သန်း​ချီရှိလာရန် အစ္စ​ရေး​က ​မျှော်လင့်​ထား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here