လိင်အင်္ဂါကြီး​ထွား​စေမည့်​ ကိရိယာ အလုပ်မဖြစ်သဖြင့်​ ​ရောင်း​ချသည့်​ကုမ္ပဏီအား​ က​နေဒါနိုင်ငံသား​ တရား​စွဲဆို

alt

လိင်အင်္ဂါ ကြီး​ထွား​စေမည့်​ ကိရိယာတစ်ခု ဝယ်ယူပြီး​ ယင်း​မှာအလုပ်မဖြစ်​သော​ကြောင့်​ အဆိုပါပစ္စည်း​ ​ရောင်း​ချသည့်​ ကုမ္ပဏီတစ်ခုအား​ က​နေဒါ နိုင်ငံသား​ တစ်ဦး​က တရား​စွဲထား​ကြောင်း​ သိရသည်။

ချာလီဟုသာ အမည်​ဖော်ပြ​သော ကိုယ်ဟန်ပြ​မောင် တစ်ဦး​သည် X4 Extender Deluxe Edition ဆို​သော ကိရိယာကို HotGVibe ထံမှ ၂၀၀၉ ခုနှစ်တွင် ဝယ်ယူခဲ့​သည်။ ၎င်းသည် အဆိုပါ ကိရိယာကို အညွန်း​တွင် ပါရှိသည့်​အတိုင်း​ နာရီ ၅၀၀ ပြည့်​မြောက်သည်အထိ အသုံး​ချပြီး​သော်လည်း​ ထူး​မခြား​နား​ ဖြစ်​နေခြင်း​ကြောင့်​ ယခုလို တရား​စွဲခဲ့​ခြင်း​ဟု သိရသည်။ မိမိသည် ခန္ဓာကိုယ် အလှပြသူ တစ်ဦး​ဖြစ်​ကြောင်း​၊​ မိမိအ​နေနှင့်​ ယင်း​ကိရိယာအ​ပေါ် အား​ထား​မိ​သော်လည်း​ အချိန်ကုန်လူပမ်း​ ဖြစ်ခဲ့​သည့်​အတွက် စိတ်ပျက်​ကြောင်း​ ချာလီက ​ပြောဆိုခဲ့​သည်။

ချာလီသည် ပစ္စည်း​အား​ ဝယ်ယူခဲ့​သည့်​ တန်ဖိုး​ ၂၇၄ ​ဒေါ်လာ ပြန်လည်ရလိုမှု၊​ အချိန်ကုန် လူပမ်း​ခဲ့​သည့်​အတွက် ၅၂၃ ​ဒေါ်လာ ရလိုမှုများ​ဖြင့်​ တရား​စွဲထား​သည်။ ယင်း​ပစ္စည်း​ကို အသုံး​ပြုပါက အလွန်နာကျင်​ကြောင်း​လည်း​ ချာလီကဆိုသည်။ X4 Extender Deluxe Edition သည် အမှန်တကယ် ထိ​ရောက်အာနိသင်ရှိ​အောင် ​ခေတ်မီနည်း​စနစ်များ​ ထည့်​သွင်း​သုံး​စွဲထား​ကြောင်း​ ကုမ္ပဏီက ​ကြေညာ​ရောင်း​ချခဲ့​ခြင်း​ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here