ဂိမ်း​အလွန်အကျွံကစား​ခြင်း​ကြောင့်​ က​လေး​များ​ စိုး​ရိမ်စိတ်လွန်ကဲတတ်

alt

ဂိမ်း​အလွန်အကျွံ ကစား​ခြင်း​သည် က​လေး​များ​အား​ စိုး​ရိမ်စိတ် လွန်ကဲလာ​စေတတ်​ကြောင်း​ သု​တေသီများ​က ​ပြောကြား​ခဲ့​သည်။ စင်္ကာပူတွင် ပြုလုပ်ခဲ့​သည့်​ ​လေ့​လာမှု တစ်ခုအရ တစ်ပါတ်လျင် နာရီ ၂၀ မျှထိ ဂိမ်း​ကစား​လေ့​ရှိ​သော

က​လေး​များ​တွင် စိတ်ပိုင်း​ဆိုင်ရာ ပူပင်​သောက​ရောက်မှု မြင့်​တက်လာ​လေ့​ရှိ​ကြောင်း​ သိရသည်။ PlayStation၊​ Xboxစသည့်​ ဂိမ်း​စက်များ​နှင့်​ ကာလရှည်ကြာစွာ ​ဆော့​ကစား​ခြင်း​သည် က​လေး​များ​ကို စိတ်ပိုင်း​ဆိုင်ရာ မတည်ငြိမ်မှုများ​ ကြီး​ကြီး​မာမား​ ဖြစ်​ပေါ်​စေသည်ဟု Pediatrics ဂျာနယ်တွင် ​ရေး​သား​ဖော်ပြခဲ့​သည်။

အိမ်း​စ်ရှိ အိုင်ဝါအစိုး​ရ တက္ကသိုလ်မှ သု​တေသီ ​ဒေါက်ဂလက် ဂျန်တိုင်း​က ဂိမ်း​အလွန်အကျွံ စွဲလန်း​နေမှုသည် စိတ်ဖိစီး​ခြင်း​၊​ လူမှု​ရေး​ဆိုင်ရာ အခက်အခဲများ​ ​တွေ့​ကြံုရခြင်း​၊​ ​ကျောင်း​သင်ခန်း​စာများ​တွင် အား​နည်း​လာခြင်း​စသည့်​ ဆိုး​ကျိုး​များ​နှင့်​ ဆက်စပ်​နေ​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

ယင်း​သု​တေသန စစ်တမ်း​အတွက် က​လေး​ငယ် သုံး​ထောင်နီး​ပါး​၏ ဂိမ်း​ကစား​မှု အ​လေ့​အထကို နှစ်နှစ်ကြာမျှ အချိန်ယူ ​လေ့​လာခဲ့​ရ​ကြောင်း​ သတင်း​ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here