အိန္ဒိယ​နိုင်ငံရှိ ဗုဒ္ဓ​ဘုရား​ကျောင်း​​နေရာ​ဟောင်း​​​တစ်ခုတွင် အ​မေရိကန်​နိုင်ငံသား​ မီး​ရှို့​​သတ်​သေ

alt

အိန္ဒိယနိုင်ငံ အ​နောက်​မြောက်ပိုင်း​ရှိ စွန့်​ပစ်ထား​သော ဗုဒ္ဓဘုရား​ကျောင်း​ ​နေရာ​ဟောင်း​​တစ်ခုတွင် အ​မေရိကန်နိုင်ငံသား​​တစ်ဦး​ မိမိ​ကိုယ်ကိုယ် မီး​ရှို့​သတ်​သေသွား​ကြောင်း​ သိရသည်။

အသက် ရ၁ နှစ်ရှိပြီဖြစ်ပြီး​ ကယ်လီဖိုး​နီး​ယား​တွင် ​နေထိုင်​သော ဂျက်ကက်​နေး​ဘဲ၏ မီး​ကျွမ်း​နေ​သော ရုပ်အ​လောင်း​ကို ယခုသီတင်း​ပါတ်အတွင်း​ ရာဂျာရှန်သာ​ဒေသရှိ ​ကျေး​ရွာတစ်ခုအနီး​ ဘုရား​ကျောင်း​ပျက်ထဲတွင် အနီး​ရှိ ရွာသား​များ​က ​တွေ့​ရှိခဲ့​သည်။ ရဲတပ်ဖွဲ့​က ကက်​နေး​ဘဲသည် မိမိကိုယ်ကိုယ် သတ်​သေသွား​ခြင်း​ဖြစ်​ကြောင်း​ အတည်ပြု ​ပြောကြား​ခဲ့​သည်။ အ​မေရိကန်နှင့်​ အိန္ဒိယတို့​တွင် ​တွေ့​ကြံုခဲ့​ရသည့်​ ရက်စက်ကြမ်း​ကြုတ်မှုများ​ကြောင့်​ မိမိကိုယ်ကိုယ် အဆုံး​စီရင်ခဲ့​ပါသည်ဟု ကက်​နေး​ဘဲ ​ရေး​ထား​သည့်​စာကို အ​လောင်း​အနီး​တွင် ​တွေ့​ရှိခဲ့​သည်။ ကက်​နေး​ဘဲသည် ၁၉၉၅ ထိ အိန္ဒိယတွင် ​နေထိုင်ခဲ့​ပြီး​နောက် အ​မေရိကန်သို့​ ​ပြောင်း​ရွှေ့​ခဲ့​သည်။

၎င်းသည် ၂၀၀၉ ခုနှစ်တွင် အ​မေရိကန်နိုင်ငံသား​ ခံယူခွင့်​ ရရှိခဲ့​သည်။ ၎င်းသည် အိန္ဒိယလွတ်လပ်​ရေး​ ​ခေါင်း​ဆောင်ကြီး​ မိုဟန်ဒက် ဂန္ဒီအ​ကြောင်း​ သင်ကြား​ရန် အိန္ဒိယသို့​ ပြန်လာခြင်း​ဟုဆိုသည်။ ယင်း​သည် ဗီရက်နာဂါရှိ ဗုဒ္ဓဘုရား​ကျောင်း​သို့​ အ​လောင်း​ကို ​တွေ့​ရှိသည့်​ ဇန်နဝါရီလ (၂၆)ရက်​နေ့​ မတိုင်မီ (၃)ရက်အလိုက သွား​ရောက်ခဲ့​သေး​ကြောင်း​ ရဲတပ်ဖွဲ့​က ​ပြောကြား​ခဲ့​သည်။

ရဲတပ်ဖွဲ့​သည် ကက်​နေး​ဘဲ ​သေဆုံး​မှုအတွက် နယူး​ဒေလီရှိ အ​မေရိကန် သံရုံး​သို့​ အသိ​ပေး​ အ​ကြောင်း​ကြား​ခဲ့​သည်။ သံရုံး​ကမူ ယင်း​ကိစ္စအတွက် မှတ်ချက်မ​ပေး​သေး​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here