ဗြိတိန်အမျိုး​သမီး​​အများ​စု ​ချောကလ်ကို ကာမ​အရသာထက် ပိုမို​သ​ဘောကျ

alt

ဗြိတိသျှ အမျိုး​သမီး​ အများ​စုသည် ​ချော့​ကလက်ကို ကာမ​အရသာထက် နှစ်သက်သ​ဘောကျ​ကြောင်း​ ဝန်ခံ​​ပြောကြား​ခဲ့​သည်။ ဝိုင်အရက်၊​ အလှပြင်​ပစ္စည်း​များ​နှင့်​ လိင်ကိစ္စတို့​ထက် အချို​အရသာကို မိမိတို့​ ပိုမို​သ​ဘောကျ​ကြောင်း​ အမျိုး​သမီး​ အများ​စုက​ဆိုသည်။

ဗြိတိန်ရှိ အမျိုး​သမီး​ အများ​စုက တစ်​နေ့​လျင် ၃ ကြိမ်မျှ ​ချော့​ကလက် အချိုကို မှီဝဲ​​လေ့​ရှိ​ကြောင်း​ ဝန်ခံခဲ့​သည်။ အမျိုး​သမီး​ သုံး​ပုံ​တစ်ပုံခန့်​သည် ​ချော့​ကလက်​အ​ကြောင်း​ အဓိက စဉ်း​စား​လေ့​ရှိပြီး​ ၁၈ ရာခိုင်နှုန်း​သော အမျိုး​သမီး​များ​က လိင်​ကိစ္စကို အများ​​အား​ဖြင့်​ ​တွေး​တော​​​နေမိ​ကြောင်း​ ဖွင့်​ဟ​​ပြောဆို​ခဲ့​သည်။ အမျိုး​သား​များ​​အနက်မူ ၆၀ ရာခိုင်နှုန်း​က လိင်​အ​ကြောင်း​ အဓိက စဉ်း​စား​​လေ့​ရှိပြီး​ ၁၁ ရာခိုင်နှုန်း​ကသာ စိတ်ထဲတွင် ​ချော့​ကလက်ကို အဓိက ​နေရာ​ပေး​မိ​ကြောင်း​ ​ပြောဆိုခဲ့​သည်။

ယခုစစ်တမ်း​အတွက် အမျိုး​သမီး​ ၂၀၀၀ ​ကျော်၏ သ​ဘောထား​ကို အဓိက ​ကောက်ခံ​တောင်း​ယူ ပြုစုခဲ့​ကြောင်း​ Fibre Plus အစား​အ​သောက် ကုမ္ပဏီကဆိုသည်။ ကုမ္ပဏီ၏ ​ပြော​ရေး​ဆိုခွင့်​ရ အမျိုး​သမီး​ ဆယ်လီထရိုက်က အမျိုး​သမီး​များ​သည် မိမိတို့​၏ ​ကျေနပ်နှစ်သိမ့်​မှုကို ​ချော့​ကလက်မှ အရသာခံ​လေ့​ရှိ​ကြောင်း​ ​ပြောဆိုခဲ့​သည်။ ထို့​အပြင် အမျိုး​သမီး​များ​အတွက် ​ချော့​ကလက်သည် မည်သည့်​အခါမျှ စိတ်ပျက်ညည်း​ငွေ့​မှု မဖြစ်​စေ​ကြောင်း​လည်း​ ဆယ်လီက သုံး​သပ်​ပြောကြား​သွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here