ထိုင်း​နိုင်ငံတွင် ဗြိတိန်အမျိုး​သမီး​တစ်ဦး​ အုပ်စုဖွဲ့​မုဒိမ်း​ကျင့်​ခံရ

alt

ထိုင်း​နိုင်ငံသို့​ ​ရောက်ရှိစဉ် အမျိုး​သား​များ​က အုပ်စုဖွဲ့​ မုဒိမ်း​ကျင့်​ခံရသည်ဆို​သော ဗြိတိသျှ အမျိုး​သမီး​၏ မိခင်သည် ယင်း​မုဒိမ်း​သမား​များ​ ထပ်မံ​​ခေါ်ဆို​သော​ဖုန်း​ကြောင့်​ စိတ်ဆင်း​ရဲ​နေရ​ကြောင်း​ သိရသည်။

ထိုင်း​နိုင်ငံရှိ ဟိုတယ်တစ်ခုတွင် ၂ နာရီကြာမျှ အုပ်စုဖွဲ့​ မုဒိမ်း​ကျင့်​ခံရ​သော အမျိုး​သမီး​၏ မိခင်ထံသို့​ အဆိုပါအဖွဲ့​က ဖုန်း​ဆက်ပြီး​ မိမိတို့​ထံ ​ငွေပို့​ပေး​ရန်နှင့်​ မဟုတ်ပါက သမီး​ဖြစ်သူအား​ မုဒိမ်း​ထပ်ကျင့်​မည်ဟု ​လှောင်​ပြောင်ခြိမ်း​ခြောက်ခဲ့​ကြောင်း​ သိရသည်။ အသက် ၂၃ နှစ်အရွယ် အမျိုး​သမီး​သည် ဆွီဒင်လူမျိုး​ တစ်ဦး​နှင့်​ ဖူး​ခက်ရှိ ပါတွန်ကမ်း​ခြေအနီး​ ဟိုတယ်တစ်ခုသို့​ အတူလိုက်သွား​စဉ် အခန်း​တွင်း​ အုပ်စုလိုက် ​စောင့်​နေ​သော ဆွီဒင်နှင့်​ ထိုင်း​လူမျိုး​များ​အား​ ရင်ဆိုင်ရခြင်း​ဖြစ်သည်။ ​

စောင့်​နေသူ ၅ ဦး​အနက် ၃ ဦး​သည် ထိုင်း​များ​ဖြစ်ပြီး​ ၂ ဦး​မှာ ဆွီဒင်များ​ဟု အဆိုပါ အမျိုး​သမီး​ကဆိုသည်။ ၎င်းတို့​သည် အမျိုး​သမီး​အား​ အုပ်စုဖွဲ့​ မုဒိမ်း​ကျင့်​ပြီး​နောက် မိခင်ဖြစ်သူ၏ ဖုန်း​နံပါတ်ကို ​တောင်း​ထား​ခြင်း​ဖြစ်သည်။ ရဲတပ်ဖွဲ့​က ယခုဖုန်း​ခေါ်မှုသည် တစ်ဖက်သား​အား​ စိတ်ညစ်​အောင် ရည်ရွယ်ချက် သတ်သတ်သာ ဖြစ်နိုင်ပြီး​ အတည်တကျ ​ငွေညှစ်ရန်မူ မဖြစ်နိုင်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ အမျိုး​သမီး​မှာ ယခုအခါ ဗြိတိန်တွင် ပြန်​ရောက်​နေပြီဖြစ်သည်။

ဖုန်း​ခေါ်သူ တစ်ဦး​က အမျိုး​သမီး​၏ မိခင်အား​ အကယ်၍ သူမအ​နေနှင့်​ ​ငွေပို့​လျင်လည်း​ သူမ၏ သမီး​ကို ​နောက်တစ်ကြိမ် မုဒိမ်း​ကျင့်​မည်သာဖြစ်​ကြောင်း​ ​လှောင်​ပြောင်​ပြောဆိုသွား​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here