ရေခဲ​ခေတ်မှ အ​မွှေး​ရှည်​မမ်မတ်ဆင်ကြီး​များ​ ပြန်လည်​​မွေး​ဖွား​​​နိုင်မည်ဟု သု​တေသီများ​ ယုံကြည်​လျက်ရှိ

alt

ဂျပန်နိုင်ငံမှ သု​တေသန ပညာရှင်များ​သည် ကမ္ဘာ​ပေါ်တွင် မျိုး​သုဉ်း​​ပျောက်ကွယ်သွား​ပြီဖြစ်သည့်​ ​ရေခဲ​ခေတ် အ​မွေး​ရှည် မမ်မတ်​ဆင်ကြီး​များ​အား​ ပြန်လည်​မွေး​ဖွား​​ရှင်သန်​အောင် ​ဆောင်ရွက်​နိုင်ရန် ယုံကြည်​လျက်ရှိ​သည်။

လာမည့်​ ၅ နှစ်အတွင်း​ မမ်မတ်များ​ ​မြေကမ္ဘာ​ပေါ်တွင် ပြန်လည်သွား​လာ လှုပ်ရှား​နေသည်ကို ​တွေ့​မြင်ရရန် မိမိတို့​ ​မျှော်လင့်​ကြောင်း​ ကျိုတို​တက္ကသိုလ်မှ ပ​ရော်ဖက်ဆာ အာကီရာ အီရီတာနီကဆိုသည်။ မမ်မတ်တို့​၏ ဆဲလ်များ​ရှိ နျူကလိယများ​ကို ယ​နေ့​ခေတ်​ဆင်များ​၏ အမ​မျိုး​ဥတွင် ထည့်​သွင်း​​​ပေး​ခြင်း​ဖြင့်​ မမ်မတ်ဆင် သား​လောင်း​များ​ ရရှိရန် ပညာရှင်များ​က ​မျှော်လင့်​ထား​သည်။ ထို့​နောက် ယင်း​​သား​လောင်း​များ​ကို ဆင်များ​၏ ဝမ်း​ဗိုက်​အတွင်း​ ပြန်လည်​ထည့်​သွင်း​​ပေး​ခြင်း​ဖြင့်​ နှစ်​စေ့​လျင် မမ်မတ်​ဆင်​ပေါက်​လေး​များ​ ​မွေး​ဖွား​လာမည်ဟု သု​တေသီများ​က ယုံကြည်​နေသည်။

ဆင်တစ်​ကောင်၏ ကိုယ်ဝန်​ဆောင် သက်တမ်း​သည် ၅ နှစ်မျှ ကြာမြင့်​သော​ကြောင့်​ ယခုလို အချိန်ယူရခြင်း​ဟု သိရသည်။ မမ်မတ်ဆင်ကြီး​များ​ တ​ကျော့​ပြန် ​မွေး​ဖွား​ရေး​ စီမံကိန်း​တွင် ​အေး​ခဲထား​သော DNA နည်း​ပညာဖြင့်​ အသုံး​ပြုရန် သု​တေသီများ​က စီစဉ်ထား​သည်။ မမ်မတ်ဆင် ရုပ်ကြွင်း​အများ​စုကို ဆိုက်​ဘေး​ရီး​ယား​ အ​ရှေ့​ပိုင်း​ ဆာခါရှိ ​ရေခဲပြင်များ​အောက်တွင် တူး​ဖော်​တွေ့​ရှိရပြီး​ ​ရေခဲ​ခေတ် အစွယ်ရှည် ဆင်ကြီး​များ​၏ အ​မွေး​နှင့်​ အရိုး​များ​မှ DNA ကို ထုတ်ယူရရှိ​ကြောင်း​လည်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here