၂၀၂၅ ခုနှစ်တွင် သုံး​စွဲ​နိုင်ဖွယ်ရှိသည့်​ ​လေယာဉ်များ​​အား​ NASA မိတ်ဆက်​​ပြသ

alt

အ​မေရိကန် အမျိုး​သား​ အာကာသ ​အေဂျင်စီ (NASA) က ၂၀၂၅ ခုနှစ်တွင် စတင်သုံး​စွဲနိုင်မည်ဟု ယုံကြည်ရ​သော စီး​ပွား​ရေး​ လုပ်ငန်း​သုံး​ ​လေယာဉ်​အမျိုး​အစား​ ၃ ခု၏ ဒီဇိုင်း​ပုံကို မိတ်ဆက်ပြသခဲ့​သည်။

ယင်း​လေယာဉ် ဒီဇိုင်း​များ​ကို နာမည်​ကျော် ​လေယာဉ်ထုတ်လုပ်​ရေး​ ကုမ္ပဏီကြီး​များ​ ဖြစ်ကြသည့်​ ​လော့​ဟိမာတင်၊​ ​နော်​သော့​ဂရမ်မန်နှင့်​ ဘိုး​အင်း​တို့​က ​ရေး​ဆွဲထား​ခြင်း​ဖြစ်သည်။ ဒီဇိုင်း​အား​လုံး​သည် ဆူညံမှု၊​ ဓာတ်​ငွေ့​အညစ်အ​ကြေး​ စွန့်​ထုတ်မှုနှင့်​ ​လောင်စာသုံး​စွဲမှု ​လျော့​နည်း​ရေး​တို့​ကို အ​ခြေခံ တီထွင်ထား​ခြင်း​ဖြစ်သည်။ ဘိုး​အင်း​၏ ဒီဇိုင်း​သည် အသံတိတ် ဗုံး​ကြဲ​လေယာဉ်ကြီး​ တစ်စင်း​ကို ကာတွန်း​ပုံမျိုး​ ​ရေး​ဆွဲထား​သည်နှင့်​ ဆင်တူသည်။ ယင်း​တွင် Hybrid နည်း​ပညာသုံး​ ​တောင်ပံနှင့်​ ကိုယ်ထည်တို့​ တပ်ဆင်ထား​မည်ဖြစ်သည်။ ​

နော်​သော့​ဂရမ်မန်၏ ဒီဇိုင်း​မှာမူ ကိုယ်ထည်နှစ်ထပ် ပါဝင်ပြီး​ မကြာ​သေး​မီက မိတ်ဆက်ပြသခဲ့​သည့်​ Virgin၏ White Knight အာကာသ လွန်း​ပျံယာဉ်နှင့်​ ဆင်တူသည်။ ​လော့​ဟိမာတင်မှာမူ ဒီဇိုင်း​သုံး​ခုအနက် လက်ရှိသုံး​စွဲ​နေသည့်​ ခရီး​သည်တင် ​လေယာဉ်များ​နှင့်​ အနီး​စပ်ဆုံး​ တူညီသည်။ သို့​သော်လည်း​ အင်ဂျင်ကို ​တောင်ပံများ​တွင် မတပ်ဘဲ ​နောက်ဖက်အမြီး​ပိုင်း​တွင် တပ်ထား​သလို ​တောင်ပံများ​ကိုလည်း​ အတန်ငယ် ​ကော့​ထား​သည်။ ယင်း​လေယာဉ် ဒီဇိုင်း​သစ်များ​ကို ​ခေတ်မီ​လေ​ကြောင်း​ထိန်း​ချုပ်​ရေး​ စနစ်များ​နှင့်​ ကိုက်ညီ​အောင် တီထွင်ထား​ပြီး​ အသံ၏ မြန်နှုန်း​ ၈၅ ရာခိုင်နှုန်း​ထိ အရှိန်တင် ပျံသန်း​နိုင်ရန် ရည်ရွယ်ထား​သည်။

ထို့​အပြင် တစ်ဆက်တည်း​ မိုင် ရ၀၀၀ မျှခရီး​ပေါက်ပြီး​ သယ်​ဆောင်နိုင်​သော ဝန်ပမာဏကို ​ပေါင်ချိန် ငါး​သောင်း​မှ တစ်သိန်း​ထိ တိုး​မြှင့်​နိုင်ရန် ရည်ရွယ်ထား​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here