ဗြိတိန်တွင် ပြစ်မှု​ကျူး​လွန်ခဲ့​သူများ​ ပြန်လည်​ထူ​ထောင်​ရေး​ စီမံကိန်း​​အရ လူသတ်​​တရား​ခံဖြစ်ခဲ့​ဖူး​သူများ​ အလုပ်ရ

alt

တစ်ဦး​က ခင်ပွန်း​​သည်အား​ အ​သေသတ်ရန် တိတ်တိတ်ပုန်း​ ချစ်သူကို ​စေခိုင်း​​ခဲ့​သည်။ အခြား​တစ်ဦး​က ဖခင်​ဖြစ်သူအား​ သတ်ဖြတ်​ခဲ့​ပြီး​ ကျန်​တစ်​ဦး​ကမူ ခင်ပွန်း​ဟောင်း​​ကို ဓား​ဖြင့်​​ထိုး​သတ်ခဲ့​သည်။

ယခု​တော့​ အဆိုပါ အမျိုး​သမီး​ သုံး​ဦး​လုံး​ ဗြိတိန်​နိုင်ငံရှိ ဟိုတယ်​တစ်ခုတွင် အလုပ်လုပ်ကြ​တော့​မည်ဟု The Sun က ​ဖော်ပြခဲ့​သည်။ သုံး​ဦး​အနက် တစ်ဦး​မှာ ဧည့်​ကြို​ဌာနတွင် တာဝန်​ယူမည်ဖြစ်ပြီး​ ကျန်နှစ်ဦး​က သန့်​ရှင်း​ရေး​ ဝန်ထမ်း​များ​ ဖြစ်လာ​မည်ဟု သိရသည်။ အသက် ၄၈ နှစ်ရှိ ပတ်ဘယ်မာ​သည် ချစ်သူက ခင်ပွန်း​အား​ ဓား​ဖြင့်​ထိုး​သတ်​​နေသည်ကို ​သွေး​​အေး​အေး​ ကြည့်​နေခဲ့​ပြီး​ ခင်ပွန်း​သည်၏ အသက်​အာမခံ​ကြေး​ ထုတ်ယူရန် စီစဉ်​ခဲ့​သေး​သည်။

အသက် ၄၂ နှစ်ရှိ ဂျူလီရစ်ချတ်ဆန်သည် သူငယ်ချင်း​နှစ်ဦး​နှင့်​အတူ ဖခင်ရင်း​အား​ မီး​ပူဖြင့်​ကပ်ပြီး​ သတ်ခဲ့​သလို ၅၅ နှစ်ရှိ လင်ဒါဝှိုက်သည် ဟီး​ရိုး​အင်း​ သုံး​စွဲပြီး​ ခင်ပွန်း​သည်၏ မျက်နှာနှင့်​ ခန္ဓာကိုယ်ကို ဓား​ဖြင့်​ထိုး​သတ်ခဲ့​သူဖြစ်သည်။ ယခု​တော့​ ပြစ်ဒဏ်အသီး​သီး​ ကျခံလွတ်​မြောက်လာသူ သုံး​ဦး​တို့​သည် ​ယောက်ရှိ ဟိုတယ်တစ်ခုတွင် ဝန်ထမ်း​အဖြစ် လုပ်ကိုင်​တော့​မည်ဖြစ်သည်။ ယင်း​မှာ ပြစ်ဒဏ်မှ လွတ်​မြောက်ပြီး​ ပြန်လည်ထူ​ထောင်​ရေး​ စီမံကိန်း​၏ တစိတ်တ​ဒေသလည်း​ဖြစ်သည်။

ယင်း​တို့​အနက်မှ တစ်ဦး​က သူမတို့​သည် သာမန်ဘဝကို ပြန်လည်​မျှော်လင့်​ကြောင်း​၊​ အတိတ်မှ အရိပ်မည်း​များ​သည် သူမတို့​၏ အလုပ်အကိုင်အတွက် လွှမ်း​မိုး​မှုမဖြစ်နိုင်ဟု ယူဆ​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ ယင်း​တို့​ သုံး​ဦး​အနက် ဘယ်မာနှင့်​ ဝှိုက်တို့​သည် တာဝန်ခံ ရဲအရာရှိထံ ပုံမှန်သတင်း​ပို့​နေရဆဲဖြစ်သည်။ ရစ်ချတ်ဆန်မှာမူ ပြစ်ဒဏ်မှ ၂ နှစ်​စောပြီး​ လွတ်​မြောက်ခွင့်​ ရလာခဲ့​ကြောင်း​ သတင်း​ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here