လိင်အင်္ဂါ ဒဏ်ရာရမှု​အတွက် နယူး​ယောက်မြို့​​အကျဉ်း​ထောင်မှ အကျဉ်း​သား​က တာဝန်​ရှိသူများ​အား​ တရား​​စွဲဆိုဖွယ်ရှိ

alt

အ​မေရိကန်နိုင်ငံ၊​ နယူး​ယောက်မြို့​ရှိ အကျဉ်း​ထောင်တစ်ခုတွင် ​ထောင်ဒဏ်ကျခံ​နေရသူ တစ်ဦး​သည် ၎င်း၏ လိင်အင်္ဂါကို ကြွက်ကဲ့​သို့​ သတ္တဝါတစ်​ကောင် ကိုက်ခဲသွား​မှု​ကြောင့်​ ခရိုင်တာဝန်ခံများ​ကို တရား​စွဲသွား​ဖွယ် ရှိ​နေ​ကြောင်း​ သိရသည်။ ​

ထောင်သား​ ပီတာဆိုလာမွန်သည် ယင်း​ကိစ္စနှင့်​ ပတ်သက်ပြီး​ တရား​ရုံး​တွင် ​လျှောက်လှဲခဲ့​ရာ ၎င်းအား​ ထား​ရှိသည့်​ အကျဉ်း​ခန်း​သည် ကြွက်နှင့်​ ရှဉ့်​များ​ပါ ​ရော​နှော​ရောက်ရှိ​နေ​ကြောင်း​ ပါဝင်သည်။ နက်​ဆောခရိုင် တရား​ရုံး​မှ အစိုး​ရ ​ရှေ့​နေများ​က အကျဉ်း​သား​တွင် ပြင်း​ထန်​သော ထိခိုက်ဒဏ်ရာရမှုမျိုး​ သက်​သေအ​ထောက်အထား​ မရှိဟု ​ပြောဆိုပြီး​ တရား​စွဲလာပါက အမှုကို ပလပ်​အောင် ​လျှောက်လှဲနိုင်မည်ဟု ယုံကြည်​နေသည်။

အကျဉ်း​သား​ကို ​ဆေး​ဝါး​ကုသ​ပေး​ခဲ့​သူများ​ကလည်း​ ၎င်းသည် စိတ်​ဝေဒနာသည် တစ်ဦး​ဟု သံသယရှိ​ကြောင်း​ ​ပြောကြား​ထား​သည်။ အသက် ၅၀ ​ကျော်အရွယ် ဆိုလာမွန်ကမူ ခရိုင်အရာရှိများ​သည် အကျဉ်း​သား​ တစ်ဦး​အတွက် လုံ​လောက်​သော ကာကွယ်မှုမျိုး​ မပြုလုပ်​ပေး​ကြောင်း​ ​ပြောဆိုကာ တရား​စွဲမည်ဟု ခြိမ်း​ခြောက်ထား​သည်။

ဆိုလာမွန်က ၎င်း၏ လိင်အင်္ဂါကို ကြွက်၊​ သို့​မဟုတ် ​မြေကြွက်ကြီး​ တစ်​ကောင်က ကိုက်သွား​ကြောင်း​ ​ပြောဆိုခဲ့​သော်လည်း​ အ​သေး​စား​ ဒဏ်ရာမျှသာ ရှိ​နေပြီး​ ကိုက်ခဲဒဏ်ရာ မဟုတ်နိုင်ဟု ယူဆရ​ကြောင်း​ အစိုး​ရ​ရှေ့​နေတစ်ဦး​က ​ပြောကြား​သွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here