မျိုး​ဗီဇ​ပြောင်း​လဲထား​သည့်​ ကြက်များ​က ကြက်​ငှက်​တုပ်​ကွေး​​ကူး​စက်မှုကို တား​ဆီး​နိုင်

alt

မျိုး​ဗီဇ ​ပြောင်း​လဲထား​သော ကြက်များ​သည် ကြက်ငှက်တုပ်​ကွေး​ ကူး​စက်မှုကို တား​ဆီး​နိုင်​ကြောင်း​ ဗြိတိန်နှင့်​ ဩစ​တြေး​လျ သု​တေသီများ​က ​ကြေညာခဲ့​သည်။ ငှက်မှတဆင့်​ လူသား​သို့​ပင် ကူး​စက်နိုင်သည့်​ ကြက်ငှက်တုပ်​ကွေး​အား​ ကာကွယ်ရန် နည်း​လမ်း​ရှာ​နေသည့်​

ဗြိတိန်နိုင်ငံ ကင်း​ဘရစ်တက္ကသိုလ်နှင့်​ ဩစ​တြေး​လျနိုင်ငံ အီဒင်ဘက်တက္ကသိုလ်၊​ ရိုစလင် ပညာ​ရေး​ဌာနမှ ပညာရှင်များ​ ပါဝင်​သော ပူး​ပေါင်း​အဖွဲ့​သည် ယခုရလဒ်အား​ စမ်း​သပ်​တွေ့​ရှိခဲ့​သည်။ ကြက်များ​ကို ဗီဇဆဲလ်အသစ်တစ်ခု ဖြည့်​သွင်း​ပေး​ပြီး​နောက် ယင်း​ကြက်များ​သည် ကြက်ငှက်တုပ်​ကွေး​ ဗိုင်း​ရပ်စ်၏ ပြင်ပသို့​ ကူး​စက်မှုကို ​ကောင်း​စွာ ဟန့်​တား​လာနိုင်​ကြောင်း​ အဆိုပါအဖွဲ့​ကဆိုသည်။

တို​တောင်း​သော RNA အမျှင်တစ်ခု ပါဝင်သည့်​ ဗီဇဆဲလ် အသစ်သည် ဗိုင်း​ရပ်စ်၏ ပြင်ပသို့​တိုင် ကူး​စက်နိုင်​သော ဂုဏ်သတ္တိကို ဟန့်​တား​ကာကွယ်ထား​ကြောင်း​ သိရသည်။ ရိုစလင် သု​တေသန အဖွဲ့​တွင် ပါဝင်ခဲ့​သော ဩစ​တြေး​လျနိုင်ငံ၊​ ဆစ်ဒနီ တက္ကသိုလ်မှ ​ဒေါက်တာ ​အော်ရီလို ပါဒိုင်း​က ကြက်ဥများ​တွင် ​သေး​ငယ်​သော ဗီဇဆဲလ် ဖြည့်​သွင်း​မှုများ​ ပြုလုပ်​ပေး​ပြီး​ အဆိုပါဥများ​ ​ပေါက်လာချိန်တွင် ကြက်များ​ကို တုပ်​ကွေး​ဗိုင်း​ရပ်စ် ထိုး​သွင်း​ပေး​ခဲ့​ကြောင်း​ ရှင်း​ပြသွား​သည်။ ဗိုင်း​ရပ်စ် ထိုး​သွင်း​ခံရ​သော ကြက်များ​သည် ကိုယ်တိုင်နာမကျန်း​ ဖြစ်ခဲ့​သော်လည်း​ အခြား​ကြက်များ​သို့​ တုပ်​ကွေး​ကူး​စက်မှု မရှိ​တော့​ကြောင်း​ ​ဒေါက်တာပါဒိုင်း​ကဆိုသည်။ ၎င်းက သု​တေသီများ​သည် ကြက်ငှက်တုပ်​ကွေး​ ဗိုင်း​ရပ်စ်ကို အပြီး​သတ် အနိုင်ယူ ဖျက်ဆီး​နိုင်မည့်​ ဗီဇဆဲလ် အသစ်တစ်ခု ​တွေ့​ရှိရန် ​မျှော်လင့်​နေဆဲဟုလည်း​ ​ပြောကြား​ခဲ့​သည်။

ယခု​လေ့​လာ ​တွေ့​ရှိမှု အ​သေး​စိတ် အချက်အလက်များ​ကို ဇီဝနည်း​ပညာနှင့်​ ဇီဝသိပ္ပံ သု​တေသနဌာနက ထုတ်​ဝေသည့်​ သိပ္ပံဂျာနယ်တွင် ထည့်​သွင်း​ဖော်ပြ​ပေး​ခဲ့​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here