အီတလီဝန်ကြီး​ချုပ်၏ လိင်ကိစ္စအရှုပ်​တော်ပုံများ​ မီယာများ​ကြား​ ​ရေပန်း​စား​

alt

အီတလီဝန်ကြီး​ချုပ် ဆီဗီယို ဘာလူစကိုနီ၏ လိင်ကိစ္စ စွန့်​စား​ခန်း​များ​သည် အ​နောက်တိုင်း​ မီဒီယာများ​ကြား​ မကြာခဏ ​တွေ့​နေမြင်​နေရ​သော ကိစ္စတစ်ခု ဖြစ်လာခဲ့​သည်။

ယခုလည်း​ ဝန်ကြီး​ချုပ်သည် ငယ်ရွယ်​ချော​မော​သော အမျိုး​သမီး​ ၁၄ ဦး​ကို မီလန်မြို့​ရှိ သီး​သန့်​ခြံကျယ်ကြီး​တစ်ခုတွင် ​မောင်း​မ​ဆောင်များ​ ​ဆောက်လုပ်ကာ ထား​ရှိ​ကြောင်း​ သတင်း​များ​ ထွက်​ပေါ်လာခဲ့​သည်။ အီတလီ၏ နာမည်​ကျော် ဘီလျံနာ သူကြွယ်ကြီး​လည်း​ဖြစ်​သော ဘာလူစကိုနီသည် ယင်း​အမျိုး​သမီး​များ​ကို ​ခေတ်မီအိမ်ရာများ​တွင် အခမဲ့​ ​နေထိုင်ခွင့်​ ပြုထား​ပြီး​ ​ထောက်ပံ့​ကြေး​လည်း​ အလုံး​အရင်း​ပေး​ထား​ကြောင်း​၊​ သူမတို့​သည် ဝန်ကြီး​ချုပ်အား​ လိင်ဝန်​ဆောင်မှု​ပေး​ရန်မူ အချိန်မီ ပြန်လာရ​လေ့​ရှိ​ကြောင်း​ The Independent သတင်း​စာက ​ဖော်ပြခဲ့​သည်။ ယင်း​ခြံနှင့်​အတူ ​မြေ​အောက်ကား​ပါကင်၊​ အရက်ဘား​များ​၊​ စူပါမား​ကက်တစ်ခုနှင့်​ အခြား​သော အသုံး​အ​ဆောင်များ​ကိုလည်း​ အနီး​တွင် ​ဆောက်လုပ်​ပေး​ထား​ကြောင်း​ သိရသည်။

​မော်ရိုကိုမှ ဗိုက်သား​လှုပ် က​ချေသည် တစ်ဦး​ဖြစ်သူ အသက် ၁၇ နှစ်အရွယ် ကာရီမာ အယ်မာ​ရောက်က သူမနှင့်​အတူ အခြား​သော မိန်း​က​လေး​များ​လည်း​ အဆိုပါ ​မောင်း​မ​ဆောင် ခြံကျယ်ကြီး​အတွင်း​ ​နေထိုင်​ကြောင်း​ ဖွင့်​စ​ပြောဆိုခဲ့​သည်။ သူမသည် ရဲများ​က ခိုး​မှုအတွက် မသင်္ကာသဖြင့်​ ယမန်နှစ်က အထိန်း​သိမ်း​ ခံရပြီး​နောက် ဘာလူစကိုနီ၏ စွန့်​ပစ်မှုကို ခံခဲ့​ရသည်။

အီတလီတွင် အသက် ၁၈ နှစ်​အောက် အရွယ်နှင့်​ လိင်ဆက်ဆံခြင်း​သည် မုဒိမ်း​မှု​မြောက်ပြီး​ ​ထောင်ဒဏ် ၃ နှစ်ထိ ကျခံရနိုင်သည်။ ဝန်ကြီး​ချုပ်၏ ကိုယ်စား​လှယ်ကမူ ကာရီမာ၏ စွပ်စွဲ​ပြောဆိုချက်များ​မှာ အ​ခြေအမြစ်မရှိ​ကြောင်း​ တုန့်​ပြန်​ပြောဆိုသွား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here