ပြည့်​တန်ဆာအမျိုး​သမီး​အား​ အသ​ရေ​ဖျက်မှုဖြင့်​ ​ဒေး​ဗစ်​ဘက်ခမ်း​ တရား​​စွဲဆို

alt

၎င်းအား​ မဟုတ်တမ်း​​တရား​ လီဆယ်​စွပ်စွဲခဲ့​သည့်​ ကိစ္စအတွက် ပြည့်​တန်ဆာ အမျိုး​သမီး​​တစ်ဦး​အား​ တရား​​စွဲဆို​ထား​သည့်​ စာ ၅ မျက်နှာပါ ​လျှောက်လွှာ​ကို ​ဒေး​ဗစ်​ဘက်ခမ်း​​တစ်​ယောက် ကယ်လီဖိုး​နီး​ယား​ တရား​ရုံး​ တစ်ခုသို့​ တင်သွင်း​ထား​လိုက်ပြီ​ဖြစ်သည်။

နာမည်​ကျော် အင်္ဂလန် လက်​ရွေး​စင်​ဟောင်း​ ​ဘောလုံး​​သမား​သည် ၎င်းနှင့်​ အတူအိပ်ခဲ့​ကြောင်း​ ​ပြောကြား​ခဲ့​သည့်​ အာမာနီဆီအား​ အသ​ရေဖျက်မှုနှင့်​ တရား​​စွဲမည်​ဖြစ်သည်။ နီစီသည် ဘက်ခမ်း​နှင့်​ နယူး​ယောက်ရှိ လီပါကာ မာရီဒီယန် ဟိုတယ်တွင် အတူ​အိပ်ခဲ့​ကြောင်း​ ​ပြောကြား​​ခဲ့​သည်။ ဘက်ခမ်း​ကမူ ထိုစဉ်က ၎င်း၏ ​လော့​စ်အိန်ဂျယ်လိစ် ဂလက်စီ အသင်း​ဖော်များ​နှင့်​သာ ဟိုတယ်တွင် အတူရှိခဲ့​ကြောင်း​ တုန့်​ပြန်ခဲ့​သည်။ ထို့​အပြင် နီစီက ဘက်ခမ်း​​တစ်​ယောက် ဖခင်၏ နှလုံး​​ရောဂါ အ​ခြေအ​နေ​အတွက် လန်ဒန်သို့​ သွား​ရောက်စဉ် ​နောက်​တစ်ကြိမ် ​တွေ့​ဆုံခဲ့​ကြောင်း​ ​ပြောဆိုမှုကိုလည်း​ ငြင်း​ဆန်ထား​သည်။

နီစီက ဘက်ခမ်း​သည် သူမနှင့်​ အတူ​အိပ်ရန်အတွက် ​ဒေါ်လာ တစ်​သောင်း​ ​ပေး​ခဲ့​သည်ဟု ​ပြောကြား​​ထား​သည်။ ယခုအခါ ဘက်ခမ်း​သည် နီစီအား​ တရား​စွဲပြီး​ နစ်နာ​ကြေး​​အဖြစ် ​ဒေါ်လာ ၂၅ သန်း​ ​တောင်း​ဆိုရန် ပြင်ဆင်​နေ​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here