ငလျင်ဒဏ်သင့်​ ​ဟေတီတွင် လမ်း​ပန်း​​ဆက်သွယ်​ရေး​ကြောင့်​ ပြန်လည်​ထူ​ထောင်​ရေး​​ခက်ခဲ

alt

ဟေတီတွင် အင်အား​ကြီး​မား​သော ငလျင်ကြီး​ လှုပ်ရှား​သွား​သည်မှာ ၁ နှစ်ပြည့်​မြောက်ခဲ့​ပြီ ဖြစ်​သော်လည်း​ လမ်း​ပမ်း​ဆက်သွယ်​ရေး​ ခက်ခဲမှုက ပြန်လည်ထူ​ထောင်​ရေး​ လုပ်ငန်း​များ​ ​ဆောင်ရွက်ရာတွင် အကြီး​မား​ဆုံး​

အဟန့်​အတား​ကြီး​ ဖြစ်​နေဆဲဟု ကုလသမဂ္ဂ တာဝန်ရှိသူ တစ်ဦး​က ​ပြောကြား​ခဲ့​သည်။ လူ​ပေါင်း​ သုံး​သိန်း​မျှ ​သေ​ကြေ​စေခဲ့​သည့်​ ၂၀၁၀ ပြည့်​နှစ်၊​ ဇန်နဝါရီလ ၁၂ ရက်​နေ့​ ငလျင်ကြီး​နှင့်​ မကြာမီ လပိုင်း​က ဖြစ်ပွား​ခဲ့​ပြီး​ လူ​ပေါင်း​ သုံး​ထောင်​ကျော် ​သေ​ကြေ​စေသည့်​ ကာလဝမ်း​ရောဂါတို့​သည် ​ဟေတီရှိ ငလျင်​ဘေး​သင့်​ ပြည်သူများ​ကို အပြင်း​အထန် အကြပ်အတည်း​ ကြံု​စေခဲ့​သည်။

လမ်း​ပန်း​​ဆက်သွယ်​ရေး​​အပြင် သုံး​ပွင့်​ဆိုင် နိုင်ငံ​ရေး​ တင်း​မာမှုများ​ကလည်း​ ​ဟေတီတွင် ကယ်ဆယ်​ရေး​ လုပ်ငန်း​များ​ ​ဆောင်ရွက်သည့်​အခါ အတား​အဆီး​ ဖြစ်လာ​ကြောင်း​ ကုလသမဂ္ဂ ရဲတပ်ဖွဲ့​ နည်း​ဗျူဟာ ချမှတ်​ရေး​​ဌာန အကြီး​အကဲ နီး​ဝါရင်က မှတ်ချက်ပြု ​ပြောဆိုခဲ့​သည်။ ထို့​အပြင် မကြာ​သေး​မီ ကာလများ​က ​နောက်ထပ်လှုပ်ခတ်ခဲ့​သော ငလျင်များ​ကလည်း​ လမ်း​များ​ကို ပိုမိုပျက်စီး​စေခဲ့​ကြောင်း​ ဝါရင်ကဆိုသည်။

မိမိအ​နေနှင့်​ ​ဟေတီပြန်လည်ထူ​ထောင်​ရေး​အတွက် ချက်ချင်း​လုပ်​ဆောင်နိုင်မည့်​ စွမ်း​အင်မျိုး​ ရှိလာပါက လမ်း​များ​နှင့်​ ပို့​ဆောင်​ရေး​စနစ်ကို ဦး​စွာပြုပြင်မည်ဖြစ်​ကြောင်း​လည်း​ ဝါရင်က ​ပြောဆိုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here