အမျိုး​သမီး​များ​ ​ကျောင်း​နေမှု​အ​ပေါ် အာဖဂန်​တာလီဘန်တို့​ သ​ဘောထား​​ပြောင်း​လဲလာ​ဟုဆို

alt

အမျိုး​သမီး​များ​ ​ကျောင်း​နေမှုကို အစဉ်တစိုက် ကန့်​ကွက်ခဲ့​သည့်​ အာဖဂန်နစ္စတန်ရှိ တာလီဘန် စစ်​သွေး​ကြွများ​သည် ယင်း​တို့​၏ သ​ဘောထား​ကို စတင်​ပြောင်း​လဲလာ​ကြောင်း​ အာဖဂန် ပညာ​ရေး​ဝန်ကြီး​က ​ပြောကြား​ခဲ့​သည်။

ဝန်ကြီး​ ဖာရွတ်ဝါဒက်က ဗြိတိန် Times သတင်း​စာ၏ ပညာ​ရေး​ဆိုင်ရာ ကဏ္ဍတွင် ယခုအ​ပြောင်း​အလဲမှာ တာလီဘန်တို့​အတွက် ယဉ်​ကျေး​မှု အ​ပြောင်း​အလဲတစ်ခုပင်ဖြစ်​ကြောင်း​ မှတ်ချက်ပြု ​ဆွေး​နွေး​ခဲ့​သည်။ ကဘူး​ရှိ အာဖဂန် အစိုး​ရကို တိုက်ခိုက်ဆန့်​ကျင်​နေသည့်​ တာလီဘန်တို့​ကမူ ယင်း​ကိစ္စကို တစုံတရာ ​ကြေညာခြင်း​ မရှိ​သေး​ပေ။ တာလီဘန်တို့​ ကြီး​စိုး​ဆဲဖြစ်သည့်​ ​ဒေသများ​တွင် အမျိုး​သမီး​များ​ စာသင်ခွင့်​ကို ပိတ်ပင်ထား​ခဲ့​သည်။ တာလီဘန်​တို့​သည် အမျိုး​သမီး​များ​ ​ကျောင်း​နေရန် ပြန်လည်​ခွင့်​ပြုလိုက်ပြီဆို​သော သတင်း​သည် ဘုရား​သခင်၏ အလို​တော်ပင်ဖြစ်​ကြောင်း​ ဖာရွတ်ကဆိုသည်။

အာဖဂန် အစိုး​ရသည် တာလီဘန်တို့​နှင့်​ ငြိမ်း​ချမ်း​ရေး​ ရရှိရန် ပိုမို​ဇောက်ချ ​ဆောင်ရွက်လျက်ရှိပြီး​ ပြီး​ခဲ့​သည့်​ ​အောက်တိုဘာလက သမ္မတ ဟာမစ်ကာဇိုင်း​သည် တာလီဘန် ​ခေါင်း​ဆောင်များ​နှင့်​ ​သွေး​ထွက်သံယို တိုက်ခိုက်မှုများ​ အဆုံး​သတ်နိုင်​ရေး​ ​ဆွေး​နွေး​မှု ပိုမို​အောင်မြင်မှု ရလာ့​ငြေ်း​ ​ကြေညာခဲ့​သည်။ ဖာရွတ်သည် တာလီဘန်တို့​၏ သ​ဘောထား​ အ​ပြောင်း​အလဲကို ချီး​ကျူး​ခဲ့​သော်လည်း​ အာဖဂန်ရှိ ​ကျောင်း​များ​အတွက် ဗြိတိန်အစိုး​ရက ​ငွေ​ကြေး​ထောက်ပံ့​မှု တိုး​မြှင့်​ပေး​ခြင်း​ မရှိ​သော အချက်ကိုမူ ​ဝေဖန်​ပြောဆိုသွား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here