အမျိုး​သမီး​လစဉ်သုံး​ အတွင်း​ခံတွင် မူး​ယစ်​ဆေး​ထည့်​သွင်း​သယ်​ဆောင်လာသူ အမျိုး​သမီး​ ​ထောင်ဒဏ်ချ​မှတ်ခံရ

alt

စင်္ကာပူတွင် အမျိုး​သမီး​ လစဉ်သုံး​ အတွင်း​ခံ Pad အတွင်း​ မူး​ယစ်​​ဆေး​ဝါး​များ​ ထည့်​သွင်း​သယ်​ဆောင်လာသူ အမျိုး​သမီး​ တစ်ဦး​မှာ ​ထောင်ဒဏ် ၅ နှစ် ချမှတ်ခြင်း​ ခံလိုက်ရပြီ​ဖြစ်သည်။

အသက် ၂၂ နှစ်ရှိ အလုပ်လက်မဲ့​ အမျိုး​သမီး​ ဂျီဂန်သီ ဘာလက်ရစ်ရှာနန်သည် ပြီး​ခဲ့​သည့်​နှစ် စက်တင်ဘာ​လ ၈ ရက်​နေ့​က အဖမ်း​ခံခဲ့​ရခြင်း​ဖြစ်သည်။ သူမသည် Pad နှစ်ထပ်ကို ဝတ်ဆင်ကာ ည​သန်း​ခေါင်ကြီး​ Taxi တစ်စင်း​ဖြင့်​ မြို့​တွင်း​​ဝင်​ရောက်ရန် ကြိုး​ပမ်း​စဉ် အဖမ်း​ခံခဲ့​ရခြင်း​ဖြစ်သည်။ သူမသည် ၁၇.၁၉ ဂရမ် အ​လေး​ချိန်ရှိ​သော မီသမ်ဖီတမင်း​ မူး​ယစ်​ဆေး​ဝါး​ ၅ ထုပ်ကို လျှို့​ဝှက်​သယ်ယူလာ​ကြောင်း​ ​ဖော်ထုတ်​တွေ့​ရှိခဲ့​သည်။

ဇန်နဝါရီလ ၁၈ ရက်​နေ့​က ​ထောင်ဒဏ်ချမှတ်ခံလိုက်ရသူ ဂျီဂန်သီက သူမ၏ မ​လေး​ရှား​လူမျိုး​ ခင်ပွန်း​သည်က ဂျိုဟာဘာရူတွင် ယင်း​ဆေး​ဝါး​များ​ကို Pad အတွင်း​ ထည့်​ပေး​လိုက်ပြီး​ ဝုဒ်လန်း​ စူပါမား​ကက် ဧရိယာတွင် Fish ဟု အမည်​​ပေး​ထား​သူ တစ်ဦး​အား​ သွား​ရောက်​ရှာ​ဖွေကာ ​ဒေါ်လာ ၄၀၀ နှင့်​ ​ရောင်း​ချရန် ညွှန်ကြား​​ခဲ့​ကြောင်း​ ဝန်ခံ​ခဲ့​သည်။ သူမသည် ပြစ်မှု​အတွက် အမြင့်​ဆုံး​ ​ထောင်ဒဏ် နှစ် ၃၀ ထိ ချမှတ်​ခံရနိုင်​ကြောင်း​လည်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here