တူနီး​ရှား​တွင် အစိုး​ရသစ် ဖွဲ့​စည်း​​တော့​မည်ဟု​​ကြေညာ

alt

အပြင်း​အထန် နိုင်ငံ​ရေး​ အုံကြွမှုများ​ ​ပေါ်​ပေါက်​နေပြီး​နောက် ပြီး​ခဲ့​သည့်​ သီတင်း​ပါတ်က အစိုး​ရ ပြိုကွဲသွား​သည့်​ တူနီး​ရှား​ နိုင်ငံတွင် ယခုအခါ အစိုး​ရသစ် ဖွဲ့​စည်း​တင်​မြှောက်​တော့​မည်ဟု ​ကြေညာခဲ့​သည်။

အစိုး​ရအ​နေနှင့်​ ဆင်း​ရဲနွမ်း​ပါး​မှု၊​ အလုပ်အကိုင် ရှား​ပါး​မှုများ​အ​ပေါ် မ​ဖြေရှင်း​ပေး​နိုင်သဖြင့်​ ပြည်သူများ​၏ ဆန္ဒပြမှုများ​ အရှိန်အဟုန် ကြီး​ထွား​လာပြီး​နောက် သမ္မတ ဇိုင်အယ် အဘီဒိုင်း​ ဘန်အလီ၏ အစိုး​ရအဖွဲ့​ ပြိုကွဲသွား​သလို ဘန်အလီသည်လည်း​ ​ဆော်ဒီအာ​ရေဗျသို့​ ထွက်​ပြေး​ခိုလှံုသွား​ရသည်။ ယခုအခါ ဝန်ကြီး​ချုပ်က ဦး​ဆောင်ပြီး​ ပြည်သူ့​ဆန္ဒနှင့်​အညီ ညွန့်​ပေါင်း​အစိုး​ရ ဖွဲ့​စည်း​သွား​မည်ဟု ထုတ်ပြန်​ကြေညာခဲ့​သည်။ တစ်ပါတီ စနစ်ဖြင့်​ ကာလရှည်ကြာစွာ အုပ်ချုပ်ခဲ့​သော တူနီး​ရှား​တွင် စနစ်​ဟောင်း​ ပျက်သုဉ်း​သွား​သော်လည်း​ ဆန္ဒပြမှုများ​ အရှိန်အဟုန် မ​လျော့​ပါး​သွား​သေး​ချေ။ ဒီဇင်ဘာလက စတင်ဖြစ်ပွား​ခဲ့​သော အဓိကရုဏ်း​များ​အတွင်း​ လုံခြံု​ရေး​ တပ်ဖွဲ့​များ​နှင့်​ ဆန္ဒပြသူများ​ အပြင်း​အထန် တိုက်ခိုက်ကြရာ အနည်း​ဆုံး​ လူ ရ၈ ဦး​မျှ ​သေဆုံး​ခဲ့​သည်။

အာဖရိကတိုက် ​မြောက်ပိုင်း​ရှိ နိုင်ငံ၏ အ​ခြေအ​နေ​ကြောင့်​ အ​မေရိကန်နှင့်​ အခြား​နိုင်ငံများ​က တည်ငြိမ်​သော အစိုး​ရသစ်တစ်ရပ် ဖွဲ့​စည်း​တည်​ထောင်နိုင်ရန် တိုက်တွန်း​ထား​သည်။ ဘန်အလီသည် ၁၉၈၇ ခုနှစ်က နိုင်ငံအာဏာကို သိမ်း​ယူပြီး​နောက်ပိုင်း​ တစ်ပါတီစနစ်ဖြင့်​ နိုင်ငံအား​ လက်ဝါး​ကြီး​အုပ်ကာ ချုပ်ကိုင်အုပ်ချုပ်ခဲ့​ခြင်း​ဖြစ်​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here