ပါကစ္စတန်တွင် ​မွေး​ကင်း​စ​က​လေး​ငယ်များ​အား​ သတ်ဖြတ်မှု မြင့်​တက်လာ

alt

ပါကစ္စတန် နိုင်ငံတွင် ​မွေး​ကင်း​စ က​လေး​များ​အား​ သတ်ဖြတ်မှု တစထက်တစ မြင့်​တက်လာ​နေ​ကြောင်း​ သိရသည်။ နိုင်ငံ​တောင်ပိုင်း​ရှိ ကရာချိမှ အမှိုက်ပုံတစ်ခုအနီး​ ​မွေး​ပြီး​ပြီး​ချင်း​ စွန့်​ပစ်ခဲ့​သဖြင့်​ ​သေဆုံး​နေ​သော

က​လေး​ငယ် နှစ်ဦး​၏ အ​လောင်း​ကို ယခုသီတင်း​ပါတ်​အတွင်း​ ထပ်မံ​​တွေ့​ရှိခဲ့​ပြီး​နောက် ယင်း​​အ​ခြေအ​နေသည် လူ့​အဖွဲ့​အစည်း​​အတွက် စိန်​ခေါ်မှု​တစ်ခု ဖြစ်လာ​ကြောင်း​ ​စေတနာ့​ဝန်ထမ်း​ အလုပ်သမား​ မိုဟာမက် ဆာလင်က ​ပြောကြား​​ခဲ့​သည်။

မွတ်ဆလင် ဘာသာ​ရေး​အရ လက်မထပ်ဘဲ က​လေး​​မွေး​ခြင်း​သည် ဘာသာ​ရေး​​အရ ​ဖောက်ပြန်မှု​တစ်ခု​အဖြစ် သတ်မှတ်​ထား​သဖြင့်​ ယခုလို က​လေး​များ​ စွန့်​ပစ်မှု တိုး​မြင့်​​လာခြင်း​ဖြစ်သည်။ ၂၀၁၀ ပြည့်​နှစ်က က​လေး​​အ​သေ ၁၂၁၀ ထိ ​တွေ့​ရှိခဲ့​ရပြီး​ ၂၀၀၈ ခုနှစ်က ၈၉၀၊​ ၂၀၀၉ ခုနှစ်က ၉၉၉ ဦး​စီ ရှိရာမှ အ​ရေအတွက် တိုး​ပွား​လာခြင်း​​ဖြစ်​ကြောင်း​ အက်ဒီ​ဖောင်​ဒေး​ရှင်း​မှ မန်​နေဂျာ အန်ဝါကာဇမီက ​ပြောကြား​​သွား​သည်။ အန်ဝါက က​လေး​များ​ကို စွန့်​ပစ်ရာတွင် အများ​စုသည် မိန်း​က​လေး​များ​ ဖြစ်ကြ​ကြောင်း​လည်း​ ဖြည့်​စွက်​​ပြောဆိုခဲ့​သည်။

မွတ်ဆလင် လူ့​အဖွဲ့​အစည်း​တွင် မိန်း​က​လေး​များ​၏ အခန်း​​ကဏ္ဍသည် ​မှေး​မှိန်​လေ့​ရှိသဖြင့်​ အချို့​သော ဆင်း​ရဲနွမ်း​ပါး​သည့်​ မိသား​စုများ​သည် မိန်း​က​လေး​ ​မွေး​လာပါက ယခုကဲ့​သို့​ စွန့်​ပစ်မှုများ​ ရှိ​နေ​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here