ဗယ်လင်တိုင်း​နေ့​ အထိမ်း​အမှတ် လက်​ဆောင်များ​အား​ အီရန်​တွင်​ပိတ်ပင်

alt

အီရန်နိုင်ငံတွင် ဗယ်လင်တိုင်း​နေ့​ (ချစ်သူများ​နေ့​) အထိမ်း​​အမှတ် လက်​ဆောင်ပစ္စည်း​များ​ ထုတ်လုပ်​​ရောင်း​ချခြင်း​၊​ Promotion ပြုလုပ်ခြင်း​များ​ကို ပိတ်ပင်​ထား​လိုက်​ကြောင်း​ သိရသည်။ ​

ဖေ​ဖော်ဝါရီ ၁၄ ရက်​နေ့​တွင် ပြုလုပ်မည့်​ ခရစ်ယာန်​ဘာသာ​ရေး​ အထိမ်း​အမှတ်နှင့်​ ဆက်နွယ်​သော ပွဲ​တော်သည် အ​နောက်ယဉ်​ကျေး​မှုများ​ စိမ့်​ဝင်​ထိုး​ဖောက်နိုင်​ကြောင်း​ စွပ်စွဲကာ အီရန်၏ မွတ်ဆလင် ဥပ​ဒေနှင့်​ ​လျော်ညီမှုမရှိဟု သတ်မှတ်ပြီး​ ပိတ်ပင်ခြင်း​ဖြစ်သည်။ အီရန်နိုင်ငံ ပုံနှိပ်လုပ်ငန်း​ရှင်များ​ အသင်း​က အစိုး​ရထံမှ ကတ်များ​၊​ ​သေတ္တာများ​နှင့်​ အခြား​​လက်​ဆောင် ပစ္စည်း​များ​တွင် အသည်း​ပုံ​ကဲ့​သို့​ ဗယ်လင်တိုင်း​နေ့​နှင့်​ ပတ်သက်​သော အထိမ်း​အမှတ် သ​င်္ကေတများ​ ထည့်​သွင်း​​ပုံနှိပ်ခွင့်​ မပြု​ကြောင်း​ တား​ဆီး​​မိန့်​ကို ရရှိခဲ့​ကြောင်း​ ​ပြောဆို​သွား​သည်။

ယင်း​အသင်း​ အကြီး​အကဲ အလီနီကူက အ​နောက်တိုင်း​ ယဉ်​ကျေး​မှုကို အား​ပေး​အား​မြောက် ပြုလုပ်ခြင်း​သည် နိုင်ငံအတွင်း​ အ​နောက်တိုင်း​ဝါဒ ပျံ့​နှံ့​အောင် အား​ပေး​ကူညီရာ​ရောက်​ကြောင်း​၊​ အီရန်သည် ​ရှေး​ယခင်ကတည်း​က အင်အား​ကြီး​ လူမျိုး​အဖြစ် ယဉ်​ကျေး​မှု အခိုင်အခံ့​ရှိခဲ့​ပြီး​ ယင်း​ကို ထိန်း​သိမ်း​ရန် လိုအပ်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ သို့​သော်လည်း​ အီရန်ရှိ လူငယ်ပိုင်း​ကမူ ယင်း​ပိတ်ပင်မှုအတွက် စိတ်ပျက်လက်ပျက် ဖြစ်​နေ​ကြောင်း​ သိရသည်။ အီရန်နိုင်ငံ၏ လူဦး​ရေ ရ၀ ရာခိုင်နှုန်း​သည် အသက် ၃၀ ​အောက် အရွယ်များ​ ဖြစ်ကြပြီး​ ၎င်းတို့​သည် အ​မေရိကန်က ​ထောက်ခံသည့်​ ရှား​ဘုရင်အား​ ဖြုတ်ချခဲ့​သော ၁၉၇၉ ခုနှစ် အီရန်​တော်လှန်​ရေး​နှင့်​ ပတ်သက်ပြီး​လည်း​ အမှတ်တရ သ​ဘောမထား​ကြ​တော့​ချေ။ အချို့​သော အီရန်အမျိုး​သား​ ဝါဒီများ​က ဗယ်လင်တိုင်း​နေ့​ ​နေရာတွင် အီရန်ရိုး​ရာ မီဟရီဂရန်ပွဲဖြင့်​ အစား​ထိုး​ရန် အကြံပြုထား​သည်။ ယင်း​သည် အစ္စလမ်ဝါဒ မပျံ့​နှံ့​မီ အချိန်ကတည်း​က တည်ရှိခဲ့​သော ပွဲ​တော်ဖြစ်ပြီး​ ခင်မင်ရင်း​နှီး​မှု၊​ ချစ်ခင်ကျွမ်း​ဝင်မှုကို ကိုယ်စား​ပြုသည့်​ ပွဲ​တော်ဖြစ်​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here