ကွန်ပျူတာကို ညစ်ညမ်း​​​ရုပ်ရှင်​ကြည့်​​နိုင်မည့်​ TV အဖြစ်​​​ပြောင်း​လဲ​​နိုင်မည့်​ USB ကိရိယာ တရုတ်တွင်​​​ခေတ်စား​

alt

တရုတ်နိုင်ငံတွင် ​ခေတ်စား​နေ​သော USB ကိရိယာ​လေး​ တစ်ခုသည် ကွန်ပျူတာကို ညစ်ညမ်း​ရုပ်ရှင်များ​ ကြည့်​ရှုနိုင်မည့်​ TV အဖြစ် ​ပြောင်း​လဲ​ပေး​နိုင်​ကြောင်း​ သိရသည်။

အများ​အား​ဖြင့်​ ရှန်ဟိုင်း​ရှိ IT ပစ္စည်း​များ​ အဓိက ​ရောင်း​ချရာ ကွီဂျန်လမ်း​မကြီး​ပေါ်တွင် တရား​မဝင် ​ရောင်း​ချ​နေ​သော USB Flash Drive​ လေး​များ​သည် အင်တာနက် ချိတ်ဆက်ထား​သော ကွန်ပျူတာတွင် တပ်ဆင်လိုက်ပါက ညစ်ညမ်း​ရုပ်ရှင် ထုတ်လွှင့်​သည့်​ TV Channel များ​ အပါအဝင် Channel​ ပေါင်း​ ၅၀၀၀ ​ကျော်ကို ချိတ်ဆက်​ပေး​နိုင်သည်။ ယင်း​ကိရိယာ​လေး​များ​ကို အရည်အ​သွေး​၊​ ကြည့်​ရှုနိုင်သည့်​ Channel အ​ရေအတွက်တို့​အလိုက် ယွမ်​ငွေ ၃၀ မှ ၁၈၀ ထိ ​ဈေး​နှုန်း​သတ်မှတ် ​ရောင်း​ချ​နေသည်။

အချို့​ကမူ ညစ်ညမ်း​ရုပ်ရှင် Channel များ​ သီး​သန့်​စုထား​သည့်​ အထူး​USB Flash Drive များ​ကို ​ရောင်း​ချ​ပေး​နေသည်။ ယင်း​တို့​မှာ ယွမ် ၂၀၀ မျှ တန်ဖိုး​ကျသင့်​ကြောင်း​ သိရသည်။ ယင်း​တို့​သည် တရား​မဝင် အဆင့်​မြှင့်​တင်ထား​သည့်​ WLAN ကတ်များ​ကို အသုံး​ပြုကာ အစိုး​ရက ပိတ်ပင်ထား​သည့်​ Channel များ​ကိုပါ ကြည့်​ရှုခွင့်​ရ​အောင် လုပ်​ဆောင်ထား​သည်။ ရှန်ဟိုင်း​ဒေး​လီး​ သတင်း​စာက ယွမ် ၁၀၀ တန် USB တစ်ခုကို ဝယ်ယူစမ်း​သပ်ပြီး​နောက် ယင်း​ဖြင့်​ ကမ္ဘာ​ပေါ်ရှိ သတင်း​ Channel အား​လုံး​ကိုပါ ကြည့်​ရှုနိုင်​ကြောင်း​ ​ရေး​သား​ဖော်ပြခဲ့​သည်။

ယင်း​ကိရိယာများ​ကို ​ဈေး​ကွက်အတွင်း​ မကြာ​သေး​မီ ရက်အနည်း​ငယ်က စတင်​ရောင်း​ချ​နေခြင်း​ဖြစ်​ကြောင်း​လည်း​ သတင်း​ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here