Apple CEO စတိ​ဂျော့​ တတိယအကြိမ် ​ဆေး​ခွင့်​တင်

alt

Apple ကုမ္ပဏီ၏ CEO ဖြစ်သူ စတိ​ဂျော့​သည် ဇန်နဝါရီလ ၁၇ ရက်​နေ့​က ​ဆေး​ခွင့်​တောင်း​ခံထား​ကြောင်း​ ​ကြေညာလိုက်သည်။ ယင်း​သည် Apple ကုမ္ပဏီ၏ ​မောင်း​နှင်အား​ဟု သတ်မှတ်နိုင်သည့်​ ​ဂျော့​တွက် တတိယအကြိမ် ​ဆေး​ခွင့်​တင်ခြင်း​လည်း​ ဖြစ်လာသည်။

​ဂျော့​သည် အသည်း​အစား​ထိုး​ ကုသမှု ခံယူထား​ရသလို ကင်ဆာ​ရောဂါနှင့်​လည်း​ နပမ်း​လုံး​နေရသူဖြစ်သည်။ ၎င်းသည် ကျန်း​မာ​ရေး​ကို အာရုံစိုက်ရန် လိုအပ်​သော အ​ခြေအ​နေ​ကြောင့်​ ယခုလို ​ဆေး​ခွင့်​တင်ခဲ့​ခြင်း​ဟု ​ဂျော့​က ​ကြေညာခဲ့​သည်။ ​ဂျော့​သည် ၂၀၀၉ ခုနှစ်က ​ဆေး​ခွင့်​တင်စဉ် ၆ လမျှ အနား​ယူခဲ့​ရသည်။ ​ဂျော့​က ၎င်း၏ ဝက်ဆိုက်မှတဆင့်​ မိမိ၏ ​ဆေး​ခွင့်​ကို Apple ၏ ဘုတ်အဖွဲ့​က လက်ခံ​ပေး​ခဲ့​ကြောင်း​၊​ ထို့​ကြောင့်​လည်း​ အတိုင်း​အတာတစ်ရပ်မျှ အချိန်ကာလကို အနား​ယူ​နေမည်ဖြစ်​ကြောင်း​၊​ မိမိသည် Apple၏ CEO အဖြစ် ဆက်ရှိ​နေမည်ဖြစ်ကာ အ​ရေး​ပါ​သော ဆုံး​ဖြတ်ချက်များ​ကို ချမှတ်​ပေး​နေမည်ဖြစ်​ကြောင်း​ ​ရေး​သား​အသိ​ပေး​ခဲ့​သည်။ ​

ဂျော့​၏ ​ဆေး​ခွင့်​ယူ​သော သတင်း​သည် ရှယ်ယာ​ဈေး​ကွက်တွင် Apple၏ အ​နေအထား​ကို အတန်ငယ် ထိခိုက်​စေနိုင်ဖွယ်ရှိ​ကြောင်း​ သုံး​သပ်မှု အချို့​လည်း​ ထွက်​ပေါ်​နေသည်။ ​ဂျော့​သည် အများ​ရှေ့​ ထွက်​ပေါ်လာမှုကို စက်တင်ဘာလက ​နောက်ဆုံး​ပြုလုပ်ခဲ့​ပြီး​ ထိုစဉ်က Apple TV ​ရောင်း​ချမှုကို အတည်ပြု ​ကြေညာ​ပေး​ခဲ့​သည်။ ယခုသတင်း​ ထွက်​ပေါ်ခဲ့​ပြီး​နောက် အသိသာဆုံး​အဖြစ် ဂျာမနီတွင် Apple ရှယ်ယာများ​ ၆.၂ ရာခိုင်နှုန်း​မျှ တန်ဖိုး​ကျသွား​ခဲ့​သည်။ ​ဂျော့​ကမူ မိမိသည် ကုမ္ပဏီအား​ အလွန်ချစ်မြတ်နိုး​ပြီး​ မကြာမီ တာဝန်များ​ ပြန်လည်ထမ်း​ဆောင်နိုင်ရန် ​မျှော်လင့်​ကြောင်း​ ၎င်း၏ဝက်ဆိုက်မှတဆင့်​ ​ရေး​သား​ဖော်ပြခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here