iPad အသုံး​ပြု​သူများ​၏ ကိုယ်​ရေး​​အချက်အလက် ခိုး​ယူသူ​နှစ်ဦး​အား​ ဖမ်း​ဆီး​

alt

အ​မေရိကန်တွင် iPad ကွန်ပျူတာ အသုံး​ပြုသူများ​၏ ကိုယ်​ရေး​အချက်အလက် ခိုး​ယူသူ နှစ်ဦး​အား​ တာဝန်ရှိသူများ​က ဖမ်း​ဆီး​လိုက်​ကြောင်း​ သိရသည်။ ဇန်နဝါရီလ ၁၈ ရက်​နေ့​က အဖမ်း​ခံရသူများ​သည်

email များ​ အပါအဝင် Apple ထုတ် Tablet ကွန်ပျူတာ အသုံး​ပြုသူ တစ်သိန်း​ကျော်က ကိုယ်​ရေး​အချက်အလက်များ​အား​ တရား​မဝင် ရယူခဲ့​ကြောင်း​ အစိုး​ရ ​ရှေ့​နေများ​က စွပ်စွဲထား​သည်။

ဆန်ဖရန်ဆစ္စကိုမှ အသက် ၂၆ နှစ်အရွယ် စာအုပ်ဆိုင် လုံခြံု​ရေး​ ဝန်ထမ်း​တစ်ဦး​ဖြစ်​သော ဒင်နီရယ် စပလစ်တာနှင့်​ ​ဖေယက်တီဗီး​မှ အသက် ၂၅ နှစ်အရွယ် အင်ဒရူး​ ​အော်ရာဟိုင်မာတို့​ နှစ်ဦး​အား​ ပုဂ္ဂိုလ်​ရေး​အချက်အလက်များ​ ​ဖောက်ထွင်း​ခိုး​ယူမှုဖြင့်​ တရား​စွဲဆိုခဲ့​ကြောင်း​ အစိုး​ရ​ရှေ့​နေ ​ပေါဖစ်ရှမင်း​က ​ပြောကြား​ခဲ့​သည်။ လက်ရှိတွင် စပလစ်တာသည် ​ဒေါ်လာငါး​သောင်း​တန် အာမခံဖြင့်​ လွတ်​မြောက်ခဲ့​သည်။ စပလစ်တာက မိမိသည် စွပ်စွဲချက်အတွက် အပြစ်မရှိ​ကြောင်း​ ငြင်း​ဆိုထား​ပြီး​ ၎င်းကို သက်​သေပြနိုင်ရန် ကြိုး​စား​မည်ဟုဆိုသည်။

ယင်း​တို့​နှစ်ဦး​ ရယူခဲ့​သည့်​ အချက်အလက်များ​သည် ကြီး​ကြီး​မား​မား​ တန်ဖိုး​မရှိလှ​သော်လည်း​ ယင်း​တို့​သည် Spammer များ​နှင့်​ Hacker များ​ဆီသို့​ ​ရောက်သွား​ပါက Apple နှင့်​ AT&T ကွန်ရက်၏ ​ဖောက်သည်များ​အတွက် နစ်နာမှုများ​ ဖြစ်လာနိုင်သည်။ ဇွန်လအတွင်း​က AT&T သည် iPad သုံး​စွဲသူ တစ်သိန်း​ကျော်၏ အချက်အလက် ယိုစိမ့်​မှုများ​ကို သတိပြုမိခဲ့​ပြီး​ ယင်း​ကို ​ခြေရာခံ စုံစမ်း​ခဲ့​ခြင်း​ဖြစ်​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here