အန္တာတိက​တိုက်တွင် သိမ်း​ဆည်း​​ထား​သည့်​ နှစ်​ပေါင်း​ ၁၀၀ ​ကျော် သက်တမ်း​ရှိ ဝီစကီ​​သေတ္တာ

alt

စ​ကော့​တလန် နိုင်ငံမှ ယူ​ဆောင်လာပြီး​ အန္တာတိကတိုက်တွင် အ​အေး​ခံ သိမ်း​ဆည်း​ထား​သည့်​ နှစ်​ပေါင်း​ ၁၀၀ ​ကျော် သက်တမ်း​ရှိပြီဖြစ်​သော ဝီစကီ သေတ္တာကို ဇာတိ​မြေ စ​ကော့​တလန်သို့​ ပြန်ပို့​လိုက်ပြီဟု သိရသည်။

နယ်​မြေသစ် ရှာ​ဖွေသူ အား​နက် ရှက်လီတန်သည် ၎င်း၏ ​တောင်ဝင်ရိုး​စွန်း​ဒေသ ​ရောက်ရှိ​ရေး​ ခရီး​စဉ်အဖြစ် ၁၉၀၇ ခုနှစ်မှ ၁၉၀၇ ထိကြိုး​စား​ခဲ့​သော်လည်း​ မ​အောင်မြင်ခဲ့​ပေ။ ထိုစဉ်က အား​နက်သည် ယခု​ဝီစကီ ​သေတ္တာကို ၎င်းအသုံး​ပြု ​နေထိုင်သည့်​ တဲတစ်လုံး​အောက် ဝှက်ထား​ခဲ့​ခြင်း​ဖြစ်သည်။ ​သေတ္တာအတွင်း​ရှိ မက်ကင်​လေ ဝီစကီသည် စ​ကော့​တလန်ရှိ ဝှိုက်နှင့်​မက်​ကေး​ ကုမ္ပဏီက ထုတ်လုပ်ခြင်း​ဖြစ်သည်။ ယခုဝီစကီ ​သေတ္တာကို သု​တေသန ပြုလုပ်ခွင့်​ ရခြင်း​သည် ​ကျေနပ်စရာဖြစ်​ကြောင်း​ ဓာတ်ခွဲခန်း​ စစ်​ဆေး​မှုကို တာဝန်ယူခဲ့​သည်။

အား​နက်သည် ၁၉၀၉ ခုနှစ် ဆိုး​ရွား​သော နှင်း​မုန်တိုင်း​များ​ကြောင့်​ ​တောင်ဝင်ရိုး​စွန်း​သို့​ ​ရောက်ရှိ​ရေး​ ရည်မှန်း​ချက်ကို စွန့်​လွှတ်ကာ သမုဒ္ဒရာအတွင်း​ ​ရေများ​မခဲလာမီ သ​င်္ဘောဖြင့်​ ပြန်လည်ထွက်ခွာခဲ့​ရသည်။ ၎င်းအသုံး​ပြုခဲ့​သော တဲအိမ်​နေရာကို သု​တေသန ပညာရှင်များ​က ရှာ​ဖွေ​တွေ့​ရှိခဲ့​ပြီး​နောက် ယင်း​သည် သမိုင်း​ဝင် ​နေရာတစ်ခု ဖြစ်လာခဲ့​ကြောင်း​လည်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here