သူငယ်ချင်း​၏ သား​ငယ်​အတွက် ဘရစ်တနီစပီး​ယား​ ဝတ်စုံ​တစ်စုံ​အား​ ​လေလံ​တင်

alt

ဘရစ်တနီ​စပီး​ယား​သည် သူငယ်ချင်း​ တစ်ဦး​၏ နာမကျန်း​​ဖြစ်​နေ​သော သား​ငယ်​အတွက် သူမပိုင် ဝတ်စုံတစ်စုံအား​ ​လေလံတင် ​ရောင်း​ချရန် စီစဉ်​လျက်ရှိသည်။ Pop ဂီတ အဆို​တော် ဘရစ်တနီသည် သူမ၏ ​ရေ​မွှေး​​ဖြစ်​သော Radiance ​ကြော်ငြာ​အတွက်

Billboard ဓာတ်ပုံ အရိုက်ခံစဉ် ဝတ်ဆင်ခဲ့​သော ဝတ်စုံကို ​လေလံ​တင်မည်​ဖြစ်သည်။

Toxic စတား​ အဆို​တော်က ​ကျောပိုင်း​​လပ်​နေသည့်​ ​ငွေ​ရောင်​ဝတ်စုံကို ​ရောင်း​ချပြီး​ ဦး​နှောက်​ထိခိုက်​ဒဏ်ရာဖြင့်​ ​မွေး​ဖွား​​လာသည့်​ မက်သရူး​​ဗန်ဒက်​လေး​​အတွက် ရည်ရွယ်တည်​ထောင်ထား​သော ​ဖောင်​ဒေး​ရှင်း​သို့​ ထည့်​ဝင်လှူဒါန်း​​သွား​မည်​ဖြစ်သည်။ ယင်း​သို့​​ဖြစ်ရခြင်း​မှာ ကိုယ်ဝန်​ရင့်​ချိန်တွင် မက်သရူး​လေး​၏ ဦး​နှောက်သို့​ ​အောက်စီဂျင် ​ရောက်ရှိမှု ပြတ်လပ်​သွား​ခြင်း​​ကြောင့်​ဟု သိရသည်။

ဘရစ်တနီ၏ Facebook မှ Profile တွင် ယခု​ဝတ်စုံအား​ ​လေလံ​တင်ရခြင်း​​နှင့်​ ပတ်သက်၍​လည်း​ ရှင်း​လင်း​​ရေး​သား​​ထား​ကြောင်း​ သိရသည်။ ယခုအခါ ဝတ်စုံ​အတွက် ​ဈေး​ပေး​​ဝယ်ယူမှုသည် အမြင့်​ဆုံး​ ​ဒေါ်လာ ၄၀၀၀ ထိ ရှိလာ​ခဲ့​ကြောင်း​လည်း​ သတင်း​များ​​တွင် ​ဖော်ပြ​ထား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here