ပါကစ္စတန်တွင် အင်အား​ပြင်း​​ငလျင်လှုပ်

alt

ပါကစ္စတန် နိုင်ငံတွင် အင်အား​ပြင်း​ထန်​သော ငလျင်တစ်ခု လှုပ်ခတ်သွား​သော်လည်း​ ကြီး​ကြီး​မား​မား​ ထိခိုက်ပျက်စီး​မှုများ​ မဖြစ်ခဲ့​ကြောင်း​ သတင်း​များ​က ​ဖော်ပြခဲ့​သည်။

ဇန်နဝါရီလ ၁၉ ရက်​နေ့​ နံနက်အ​စောပိုင်း​ ​ဒေသစံ​တော်ချိန် မနက်တစ်နာရီခွဲခန့်​က အာဖဂန်နစ္စတန်နှင့်​ နယ်စပ်အနီး​ ဘယ်လူချီစတန်အနီး​တွင် အင်အား​ ရ.၂ ရှိ​သော ငလျင်ကြီး​ လှုပ်ရှား​သွား​ခဲ့​သည်။ နံနက်ခင်း​ အလင်း​ရောက်ချိန်တွင် စုံစမ်း​မှုများ​အရ ကြီး​မား​သော ထိခိုက်ပျက်စီး​မှု မရှိသလို အ​သေအ​ပျောက် သတင်း​ပေး​ပို့​မှုများ​လည်း​ မရရှိ​ကြောင်း​ ပါကစ္စတန် အ​ရေး​ပေါ် အ​ခြေအ​နေ စီမံခန့်​ခွဲ​ရေး​ ဌာနက ​ကြေညာခဲ့​သည်။ ငလျင်၏ လှုပ်ရှား​ယိမ်း​ထိုး​မှုကို ပါကစ္စတန် အလယ်ပိုင်း​၊​ အာဖဂန်နှင့်​ အိန္ဒိယတို့​အပြင် UAEနိုင်ငံမှပါ ခံစား​သိရှိခဲ့​ကြောင်း​ သိရသည်။ ​

ဒေသဆိုင်ရာ အုပ်ချုပ်​ရေး​မှူး​ အက်ကဘာဟူစိန် ဒူရန်နီက ရွှံ့​မိုး​ဖြင့်​ ​ဆောက်လုပ်ထား​သော တဲအိမ် ၃၅ လုံး​မျှ အတန်ငယ် ပျက်စီး​မှု ဖြစ်ခဲ့​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ ယင်း​တဲများ​သည် ဘယ်လူချီစတန်မှဖြစ်ပြီး​ အခြား​သော ​ဒေသများ​တွင်မူ ပျက်စီး​မှုသတင်း​ မရရှိ​ကြောင်း​လည်း​ ၎င်းက ​ပြောဆိုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here