တူနီး​ရှား​သမ္မတ​ဟောင်း​၏ ​ဆွေမျိုး​အချို့​ ဖမ်း​ဆီး​ခံရ

alt

တူနီး​ရှား​နိုင်ငံမှ ထွက်​ပြေး​သွား​သည့်​ သမ္မတ​ဟောင်း​ ဇိုင်အယ်အဘီဒိုင် ဘန်အလီ၏ ​ဆွေမျိုး​အချို့​မှာ ဖမ်း​ဆီး​ခံ​နေရ​ကြောင်း​ သိရသည်။ ဘန်အလီနှင့်​ ​ဆွေမျိုး​နီး​စပ် ​တော်သူများ​သည် ဘန်အလီ ထွက်​ပြေး​သွား​ပြီး​နောက် နိုင်ငံအတွင်း​မှ လျှို့​ဝှက်ထွက်ခွာရန် ကြံစည်​နေစဉ် အဖမ်း​ခံရခြင်း​ဟုဆိုသည်။

ကြား​ဖြတ်အစိုး​ရအဖြစ် တာဝန်ယူထား​သည့်​ ဖူအက်မီ​ဘက်ဇား​က အထိန်း​သိမ်း​ ခံထား​ရသူ ၃၃ ဦး​ရှိပြီး​ ၎င်းတို့​ကို လွတ်လပ်မျှတသည့်​ တရား​​စီရင်မှုဖြင့်​ စစ်​ဆေး​သွား​မည်ဟု ​ပြောကြား​ခဲ့​သည်။ အာဖရိက​တိုက် ​မြောက်ပိုင်း​ရှိ နိုင်ငံ​တွင် အလုပ်​အကိုင် ရှား​ပါး​မှု၊​ ဆင်း​ရဲ​ကြပ်တည်း​မှုများ​​ကြောင့်​ အစိုး​ရအား​ ဆန္ဒပြမှုများ​ ပြီး​ခဲ့​သည့်​လက စတင်ဖြစ်ပွား​ခဲ့​ပြီး​ အဓိကရုဏ်း​များ​အသွင် ကူး​ပြောင်း​သွား​ရာမှ အနည်း​ဆုံး​ လူ​ပေါင်း​ ၁၀၀ ​ကျော် ​သေဆုံး​ခဲ့​သည်။

တူး​နစ်မြို့​တော်တွင် ရာ​ပေါင်း​များ​စွာ​သော ဆန္ဒပြသူများ​ ဆက်လက်လှုပ်ရှား​နေဆဲဖြစ်ပြီး​ ဘန်အလီ ထွက်​ပြေး​လွတ်​မြောက်သွား​မှုကို ပြင်း​ပြင်း​ထန်ထန် ရှုတ်ချမှုများ​ ပြုလုပ်ခဲ့​သည်။ မီဘက်ဇား​ကမူ ပြည်သူ့​ဆန္ဒအတိုင်း​ ညွန့်​ပေါင်း​အစိုး​ရ ဖွဲ့​စည်း​ပေး​ရန်နှင့်​ ဘန်အလီမိသား​စု အုပ်စိုး​စဉ်ကာလများ​အတွင်း​ ၎င်းတို့​၏ လုပ်​ဆောင်ချက်များ​ကို ပြန်လည်စီစစ်ကာ ပြည်သူများ​ထံ အသိ​ပေး​သွား​မည်ဟု ကတိပြုထား​သည်။

ဘန်အလီလက်ထက်တွင် နိုင်ငံအား​ တစ်ပါတီစနစ်ဖြင့်​ အုပ်ချုပ်ခဲ့​ခြင်း​ဖြစ်သည်။ ဘန်အလီသည် နိုင်ငံ​ရေး​ အ​ခြေအ​နေ ယိုယွင်း​လာချိန်တွင် နိုင်ငံအတွင်း​မှ ထွက်​ပြေး​သွား​သလို ၎င်း၏ဇနီး​မှာလည်း​ ​ရွှေ​ချောင်း​ ၁.၅ တန်ကို သယ်​ဆောင်ကာ နိုင်ငံ အတွင်း​မှ ထွက်​ပြေး​ လွတ်​မြောက်သွား​ခဲ့​ကြောင်း​ သတင်း​များ​က ​ဖော်ပြခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here