တစ်နှစ်အတွင်း​ သမ္မတ​အိုဘား​မား​ထံ နိုင်ငံတကာ​​ခေါင်း​ဆောင်များ​ ​ပေး​ပိုခဲ့​သည့်​ လက်​ဆောင်​စာရင်း​​ထုတ်ပြန်

alt

အ​မေရိကန် သမ္မတ ဘာရတ်အိုဘား​မား​၏ အိမ်ဖြူ​တော်တွင် တာဝန်ထမ်း​ဆောင်ပြီး​ တစ်နှစ်အတွင်း​ နိုင်ငံ​ခေါင်း​ဆောင် အသီး​သီး​မှ လက်​ဆောင်များ​ ​ပေး​ပို့​ခဲ့​မှု စာရင်း​ကို အိမ်ဖြူ​တော်က ထုတ်ပြန်ခဲ့​သည်။

ယင်း​တွင် အနုပညာ ပစ္စည်း​များ​၊​ လက်ဝတ်​ရတနာ​များ​၊​ ရှား​ပါး​​သော စာအုပ်များ​​နှင့်​ ​ငွေ​ကြေး​ဒေါ်လာ​​ထောင်နှင့်​ ​သောင်း​နှင့်​ချီ တန်ဖိုး​​ရှိ​သော အခြား​​အမှတ်တရ ပစ္စည်း​များ​ ပါဝင်​သည်။ ၂၀၀၉ ခုနှစ်က ​ဒေါ်လာ ၁၉၀၀၀၀ တန် အဆင်တန်ဆာ ပစ္စည်း​များ​ ​ပေး​ပို့​ခဲ့​သည့်​ ​ဆော်ဒီအာ​ရေဗျ ဘုရင်မင်း​မြတ် အက်ဘဒူလာမှာ နိုင်ငံ​ခေါင်း​ဆောင် အား​လုံး​အနက် အရက်​ရောဆုံး​​ဖြစ်သည်။ ယင်း​​ပစ္စည်း​များ​ကို သမ္မတ​က​တော် မစ်ချယ်အိုဘား​မား​နှင့်​ သမီး​​နှစ်ဦး​​အတွက် ရည်ရွယ်ပြီး​ ​ပေး​ပို့​ခဲ့​ခြင်း​​ဖြစ်သည်။

အီတလီ ဝန်ကြီး​ချုပ် ဆီဗီယို ဘာလူစကိုနီက ဒုတိယ​နေရာတွင် ရှိ​နေပြီး​ ​ဒေါ်လာ ၃၃၀၀၀ နီး​ပါး​ တန်ဖိုး​ရှိသည့်​ လက်​ဆောင်များ​ ​ပေး​ပို့​ခဲ့​ရာ အီတလီလုပ် ပိုး​သား​လည်စည်း​၊​ ​ရွှေနာရီတစ်လုံး​၊​ ပုံ​ဆောင်ခဲဖြင့်​ လှပစွာ ပြုလုပ်ထား​သည့်​ စား​ပွဲတစ်လုံး​နှင့်​ ဖ​ယောင်း​တိုင်ထွန်း​သောစင်တို့​ ပါဝင်သည်။ ​ဆော်ဒီဘုရင်ကြီး​သည် မစ်ချယ်အတွက် ​ဒေါ်လာ ၁၄၂၀၀ တန် ပုလဲလည်စွဲတစ်ခုကိုလည်း​ သီး​သန့်​ပေး​ပို့​ခဲ့​ပြီး​ ​ဒေါ်လာ ၃၄၅ဝဝ မျှတန်ဖိုး​ရှိသည့်​ ​ရွှေသား​ ဆီး​ပင်နှင့်​ ကုလား​အုတ်ရုပ်များ​လည်း​ ပို့​ပေး​ခဲ့​သည်။ တရုတ်သမ္မတ ဟူကျင်​တောင်ကမူ အိုဘား​မား​အား​ ​ဒေါ်လာ ၂၀၀၀၀ မျှ တန်ဖိုး​ရှိသည့်​ ရိုး​ရာပိုး​သား​ ဝတ်စုံတစ်ခု ​ပေး​ပို့​ခဲ့​သည်။ ပြင်သစ်သမ္မတ နီကိုလက် ဆာကိုဇီနှင့်​ ဇနီး​တို့​ကမူ မစ်ချယ်အတွက် ​ဒေါ်လာ ၄၅၀၀ တန်အ​ကောင်း​စား​ Dior လက်ကိုင်အိတ်နှင့်​ ​ရေ​မွှေး​တို့​ ပို့​ပေး​ခဲ့​ပြီး​ ဗြိတိသျှ ဝန်ကြီး​ချုပ် ​ဂေါ်ဒွန်ဘ​ရောင်း​ကမူ ရှား​ပါး​စာအုပ်များ​၊​ ​ဘောပင်တစ်​ချောင်း​တို့​ အပါအဝင် လက်​ဆောင် ​ဒေါ်လာ ၁၆၅၁၀ ဖိုး​ ပို့​ပေး​ခဲ့​သည်။ အစ္စ​ရေး​ သမ္မတ ရှီမွန်ပီရက်ကမူ ​ကြေး​သွန်း​ရုပ်တုတစ်ခု ​ပေး​ပို့​ခဲ့​ပြီး​ ယင်း​သည် ​ဒေါ်လာ ၈၀၀၀ မျှ တန်ဖိုး​ရှိသည်။

ပုပ်ရဟန်း​မင်း​ကြီး​ ဘင်နီဒစ် ၁၆ ကမူ ရ၉၀၅ ​ဒေါ်လာတန် ​ရှေး​ခေတ် ​ရွှေဒင်္ဂါး​တစ်ပြား​နှင့်​ ရှား​ပါး​စာအုပ်များ​ ပို့​ပေး​ခဲ့​သည်။ ဗြိတိသျှ ဘုရင်မကြီး​ အဲလိဇဘက် ၂ ကမူ သူမနှင့်​ သူမ၏ ခင်ပွန်း​သည်ပုံ ​ရေး​ဆွထြား​သည့်​ ရ၇၅ ​ဒေါ်လာတန် ပုံတူပန်း​ချီကိုလည်း​ကောင်း​၊​ ပါလက်စတိုင်း​ခေါင်း​ဆောင် မာမွတ်အဘက်က ၅၂၁ ​ဒေါ်လာတန် လက်​ဆောင်အချို့​နှင့်​ ရ၅ ​ဒေါ်လာတန် သံလွင်ဆီ တစ်ပုလင်း​တို့​ လက်​ဆောင်​ပေး​ပို့​ခဲ့​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here