အိုင်ဗရီကို့​စ်တွင် လုံခြံု​ရေး​​တပ်ဖွဲ့​များ​ စည်း​ကမ်း​မဲ့​​​ပစ်ခတ်

alt

အိုင်ဗရီကို့​စ် နိုင်ငံတွင် လက်ရှိသမ္မတ ​လောရင့်​ဂျီဘက်ဘိုအား​ ​ထောက်ခံသည့်​ လုံခြံု​ရေး​ တပ်ဖွဲ့​များ​၏ စည်း​ကမ်း​မဲ့​ ပစ်ခတ်မှုများ​ကြောင့်​ ဇန်နဝါရီလ ၁၉ ရက်​နေ့​က အနည်း​ဆုံး​ လူ ၁ ဦး​ ​သေဆုံး​ခဲ့​ကြောင်း​ သိရသည်။

ဂျီဘက်ဘိုသည် ​ရွေး​ကောက်ပွဲတွင် အနိုင်ရခဲ့​သော အလက်ဆိန်း​ ​အော့​တာရာအား​ အာဏာလွှဲ​ပေး​ရန် ငြင်း​ဆန်​နေဆဲဖြစ်ပြီး​ ​အော့​တာရာကို အား​ပေး​ထောက်ခံသူများ​အား​ လုံခြံု​ရေး​ တပ်ဖွဲ့​များ​က ပစ်ခတ်ခဲ့​ခြင်း​ဖြစ်သည်။ စီး​ပွား​ရေး​အရ အချက်အခြာကျသည့်​ အဘိုဘိုမြို့​တွင် ဖြစ်ပွား​ခဲ့​သော အဓိကရုဏ်း​များ​ကြောင့်​ ကုလသမဂ္ဂအ​နေနှင့်​ အိုင်ဗရီကို့​စ်ရှိ ကုလသမဂ္ဂ ငြိမ်း​ချမ်း​ရေး​ ထိန်း​သိမ်း​မှု တပ်ဖွဲ့​များ​ထံသို့​ ​နောက်ထပ်အင်အား​ဖြည့်​တင်း​ပေး​ရန် အ​စောတလျင် စီစဉ်လျက်ရှိသည်။

လက်ရှိတွင် ငြိမ်း​ချမ်း​ရေး​ ထိန်း​သိမ်း​မှု တပ်ဖွဲ့​များ​သည် ​အော့​တာရာအား​ ​စောင့်​ရှောက်မှု ပြုလုပ်ထား​သည်။ မျက်မြင်များ​က ပစ်ခတ်မှုများ​ကြောင့်​ အဘိုဘိုမြို့​တွင် ဆိုင်များ​၊​ ရုံး​များ​ပိတ်ထား​ပြီး​ လမ်း​မများ​မှာလည်း​ ​ခြောက်ကပ်​နေ​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ ဂျီဘက်ဘိုကို ​ထောက်ခံ​သော လက်နက်ကိုင် တပ်များ​သည် ကုလသမဂ္ဂ ငြိမ်း​ချမ်း​ရေး​ ထိန်း​သိမ်း​မှု တပ်ဖွဲ့​များ​ကိုလည်း​ ရန်​စောင်​နေဆဲဖြစ်သည်။ အဘိုဘိုမြို့​ ပစ်ခတ်မှုများ​အတွင်း​ အရပ်သား​ တစ်ဦး​မျှ အနည်း​ဆုံး​ ​သေဆုံး​ခဲ့​ကြောင်း​ ထိုမြို့​ထဲ ဝင်ခွင့်​ရခဲ့​သည့်​ သတင်း​ထောက်တစ်ဦး​က ​ပြောဆိုခဲ့​သော်လည်း​ လုံခြံု​ရေး​တပ်ဖွဲ့​က တစုံတရာ ​ပြောဆိုခြင်း​ မရှိ​ချေ။ အာဖရိကယူနီယံ အဖွဲ့​ဝင်​ခေါင်း​ဆောင်များ​က ဂျီဘက်ဘိုအား​ အရှုပ်အ​ထွေး​ကို အကြမ်း​နည်း​နှင့်​ မ​ဖြေရှင်း​ရန် စု​ပေါင်း​တောင်း​ဆိုခဲ့​ကြသည်။

ပြင်သစ်သံအမတ်ကြီး​ ဂျင်း​မတ်ဆီမွန်က သတင်း​ထောက်များ​အား​ အိုင်ဗရီကို့​စ်နိုင်ငံ​ရေး​ကို အပြီး​သတ် ​ဖြေရှင်း​နိုင်ရန် ​မျှော်လင့်​နေဆဲဟု ​ပြောကြား​ခဲ့​သည်။ ကုလသမဂ္ဂ၏ အိုင်ဗရီကို့​စ်ဆိုင်ရာ အထုး​ကိုယ်စား​လှယ် ချိုင်ယွန်ဂျင်း​က ကုလသမဂ္ဂအ​နေနှင့်​ ​နောက်ထပ် ငြိမ်း​ချမ်း​ရေး​ထိန်း​သိမ်း​မှု တပ်ဖွဲ့​ဝင် ၂၀၀၀ မျှကို အိုင်ဗရီကို့​စ်သို့​ ပို့​ဆောင်သွား​ရန် စီစဉ်ထား​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ လက်ရှိတွင် အိုင်ဗရီကို့​စ်နိုင်ငံအတွင်း​ တပ်စွဲထား​သော ငြိမ်း​ချမ်း​ရေး​ ထိန်း​သိမ်း​မှု တပ်ဖွဲ့​ဝင် အ​ရေအတွက်မှာ ၁၀၀၀၀ ​ကျော်မျှရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here