WebOS သုံး​ Tablet တစ်မျိုး​အား​ စတင်​ရောင်း​ချရန် HP စီစဉ်

alt

HP ကုမ္ပဏီက WebOS သုံး​ Tablet တစ်မျိုး​ကို ​ဖေ​ဖော်ဝါရီလတွင် စတင်​ရောင်း​ချရန် စီစဉ်​နေ​ကြောင်း​ သိရသည်။ ကမ္ဘာ​ပေါ်တွင် အကြီး​မား​ဆုံး​ ကွန်ပျူတာ ထုတ်လုပ်​ရေး​ လုပ်ငန်း​ကြီး​ တစ်ခုဖြစ်​သော HP သည် Palm ၏ WebOS ကို သုံး​စွဲထား​သော Tablet တစ်ခုအား​

​ဖေ​ဖော်ဝါရီ ၉ ရက်​နေ့​တွင် ထုတ်လုပ်​ရောင်း​ချမည်ဟု သတင်း​ဌာန အ​တော်များ​များ​က ​ဖော်ပြခဲ့​သည်။ WebOS သည် စမတ်ဖုန်း​နှင့်​ Netbook ကဲ့​သို့​ မိုဘိုင်း​ပစ္စည်း​များ​တွင် အဆင်​ပြေ​ပြေ သုံး​စွဲနိုင်ရန် ​ရေး​ဆွဲထား​သည့်​ Software ဖြစ်သည်။ အဆိုပါ Tablet ကွန်ပျူတာ ထုတ်​ဝေမည့်​ သတင်း​ကို HP ကမူ တိတိကျကျ အတည်မပြု​သေး​ချေ။ HP သည် iOS ကို အသုံး​ပြုထား​သည့်​ Apple ထုတ် iPad ကို ယှဉ်ပြိုင်ရန် Tablet ကွန်ပျူတာသစ်တစ်မျိုး​ ထုတ်လုပ်​ရေး​ ယခင်ကတည်း​က စီစဉ်​နေခဲ့​သည်။

Microsoft ၏ CEO ဖြစ်သူ စတိ​ဘောမား​သည် ၂၀၀၉ ခုနှစ် CES ပွဲတွင် Windows 7 ကို သုံး​စွဲထား​သည့်​ HP ၏ Tablet တစ်မျိုး​ကို ပြသခဲ့​သော်လည်း​ ယင်း​သည် အမှန်တကယ် ​ဈေး​ကွက်အတွင်း​ ထုတ်လုပ်​ရောင်း​ချနိုင်ခဲ့​ခြင်း​မရှိ​ချေ။ ယခုအခါ Microsoft သည် Tablet ကွန်ပျူတာများ​အတွက် အဓိက ရည်ရွယ်သည့်​ Windows 8ကို ဖန်တီး​လျက်ရှိရာ ယင်း​ကို HPနှင့်​ လက်တွဲပြီး​ Tabletသစ်များ​ ထုတ်လုပ်လာဖွယ် ရှိ​နေသည်။

Windwos 8 သည် ၂၀၁၂ တွင် စတင်​ရောင်း​ချဖွယ် ရှိ​နေပြီး​ Apple ၏ iPad နှင့်​အပြိုင် Tablet ကွန်ပျူတာများ​စွာ ထွက်​ပေါ်လာ​ရေး​အတွက် အ​ထောက်အကူ ဖြစ်လာ​စေဖွယ် ရှိ​နေ​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here