တား​မြစ်​​ဆေး​ဝါး​သုံး​စွဲမှု စွပ်စွဲချက်များ​အား​ စိုး​ရိမ်မှု​​မရှိဟု အ​မေရိကန်စက်ဘီး​​စီး​သမား​​ပြောကြား​

alt

အ​မေရိကန် နာမည်​ကျော် စက်ဘီး​စီး​ အား​ကစား​သမား​ လန်း​အမ်း​စထ​ရောင်း​က ၎င်းသည် တား​မြစ်​ဆေး​ဝါး​ သုံး​စွဲ​ကြောင်း​ စွပ်စွဲချက် အသစ်များ​ ထွက်​ပေါ်​နေခြင်း​အ​ပေါ် စိုး​ရိမ်မှု မရှိ​ကြောင်း​ ​ပြောကြား​လိုက်သည်။

ကမ္ဘာ့​အကြီး​ကျယ်ဆုံး​ စက်ဘီး​ပြိုင်ပွဲဖြစ်သည့်​ တိုး​ဒီဖရင့်​တွင် ရ ကြိမ် ဗိုလ်စွဲခဲ့​သော အမ်း​စထ​ရောင်း​သည် ဇန်နဝါရီလ ၁၉ ရက်​နေ့​တွင် ယင်း​ပြိုင်ပွဲ ဒုတိယ Round အဖြစ် ​တောင်ဆင်း​ပြိုင်ပွဲတွင် ယှဉ်ပြိုင်ရန် စီစဉ်​နေသည်။ Sport Illustrated မဂ္ဂဇင်း​က အမ်း​စထ​ရောင်း​အ​နေနှင့်​ တား​မြစ်​ဆေး​ သုံး​စွဲထား​သည်ဟု ယူဆရသဖြင့်​ တာဝန်ရှိသူများ​က ကာလရှည်ကြာ စစ်​ဆေး​မှုများ​ ပြုလုပ်​နေ​ကြောင်း​ ​ဖော်ပြခဲ့​ရာ ၎င်းက ယင်း​အတွက် စိုး​ရိမ်မှု လုံး​ဝမရှိ​ကြောင်း​ ​ပြောဆိုသွား​သည်။

အမ်း​စထ​ရောင်း​၏ နည်း​ပြဖြုစ်သူ ဂျိုဟန်ဘရူနီး​ကလည်း​ ၎င်း၏ အား​ကစား​သမား​အ​ပေါ် အပြည့်​အဝ ယုံကြည်​ကြောင်း​ ​ပြောဆိုသွား​သည်။ အမ်း​စထ​ရောင်း​၏ ​ပြော​ရေး​ဆိုခွင့်​ရပုဂ္ဂိုလ် မတ်​ဖေဘီယာနီက ၂၀၀၄ ခုနှစ်က မှား​ယွင်း​စွပ်စွဲမှုမျိုး​ကို ကိုး​ကား​ကာ အ​ဟောင်း​ကို အသစ်လုပ်ထား​ခြင်း​ဖြစ်​ကြောင်း​ ယင်း​မဂ္ဂဇင်း​ကို ပြက်ရယ်ပြုခဲ့​သည်။

အမ်း​စထ​ရောင်း​သည် တိုး​ဒီဖရင့်​ ပြိုင်ပွဲတွင် ၁၉၉၉ ခုနှစ်မှ ၂၀၀၅ ခုနှစ်ထိ ဆက်တိုက်ဗိုလ်စွဲခဲ့​သူဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here