အမှိုက်များ​ဖြင့်​ အလှ​ဆင်ထား​သည့်​ မက်ဒရစ်​မြို့​မှ​ဟိုတယ်

alt

သဘာဝ ပတ်ဝန်း​ကျင် ထိန်း​သိမ်း​ရေး​ ဝါဒီများ​က​တော့​ စပိန်နိုင်ငံ မက်ဒရစ်မြို့​တော်ရှိ ပလာဇာ ဒီကာလာရိုတွင် ဖွင့်​လှစ်ထား​သော ဟိုတယ်ကို သ​ဘောကျ​​ပေလိမ့်​မည်။

အဆိုပါ ဟိုတယ်သည် အမှိုက်​အစအနများ​ဖြင့်​ အလှဆင်ထား​ပြီး​ ယင်း​ဟိုတယ်ကို ဖန်တီး​ထား​မှုသည် ဂျာမန်အနုပညာသမား​ ဟား​ရှု၏ လက်ရာဖြစ်သည်။ အ​နောက်ဥ​ရောပ ကမ်း​ခြေများ​ရှိ အမှိုက်များ​၊​ စွန့်​ပစ်ပစ္စည်း​များ​ကို အသုံး​ပြုပြီး​ ယင်း​ဟိုတယ်အား​ အလှဆင်ထား​ခြင်း​ဟု ၎င်းကဆိုသည်။ ကမ်း​ခြေမှ အမှိုက်များ​ ဟိုတယ်ဟု အမည်​ပေး​ထား​သည့်​ အဆိုပါ ဟိုတယ်သည် အကြီး​ဆုံး​ အမှိုက်ပုံကြီး​တစ်ခုနှင့်​ ပိုတူမည်ဖြစ်​ကြောင်း​ ၎င်းက ရယ်​မော​ပြောဆိုခဲ့​သည်။

ရှု၏ လက်ရာသည် ကမ္ဘာလှည့်​ ခရီး​သည်များ​အတွက် အထူး​အဆန်း​ ဆွဲ​ဆောင်မှုတစ်ခု ဖြစ်လာမည်ဟု ​မျှော်လင့်​ကြောင်း​ ဟိုတယ်ပ​ရောဂျက် ​ပြော​ရေး​ဆိုခွင့်​ရ အမျိုး​သမီး​ ရိုစီပီကာရက်ကဆိုသည်။ ထို့​အပြင် ကမ်း​ခြေများ​ကို မရှင်း​လင်း​ မသန့်​စင်ပါက မည်မျှထိ အ​ခြေအ​နေဆိုး​လာ​စေနိုင်​ကြောင်း​ ယခုဟိုတယ်တွင် တပ်ဆင်ထား​သည့်​ အမှိုက်စများ​က သက်​သေပြနိုင်မည်ဖြစ်​ကြောင်း​လည်း​ ပီကာရက်က ​ထောက်ပြသွား​သည်။

ရှုသည် အမှိုက်များ​နှင့်​ ဟိုတယ်​ဆောက်ပြခြင်း​သည် ဒုတိယအကြိမ်ဖြစ်သည်။ ယမန်နှစ် ​နွေရာသီကလည်း​ ​ရောမတွင် ယင်း​ကဲ့​သို့​ ဟိုတယ်တစ်ခုကို ပြခန်း​သဖွယ် ဖွင့်​လှစ်ပြသခဲ့​ပြီး​ ဇန်နဝါရီ ၂၃ ရက်​နေ့​ထိ ပြသသွား​မည်ဖြစ်​ကြောင်း​လည်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here