မြတ်ခိုင်​​ပြော​သော ပုံပြင်

ဆောင်းပါး သရုပ်ဖေါ် © မင်း​​ကျော်

ကိုယ်ယုံကြည်ရာ

ဟိုး​ မ​နေ့​​တစ်​နေ့​တုန်း​က​တိုင်း​ပြည်​တစ်ပြည်မှာ ပညာ​အရာမှာ​ကြွယ်ဝတဲ့​

ဒိသာ​ပါ​မောက္ခကြီး​​တစ်​ယောက်ရှိတယ်​တဲ့​ပေါ့​ကွယ်။ အဲသည့်​ဒိသာပါ​မောက္ခဆရာကြီး​ဟာ အမျိုး​သား​ယဉ်​ကျေး​မှုနဲ့​ပတ်သက်ရင် အရမ်း​ကြီး​တွေ စည်း​ကမ်း​တင်း​ကြပ်လွန်း​တာ​ကြောင့်​ သူ့​ဆီမှာပညာသင်ယူကြတဲ့​ လုလင်ပျို၊​ လုံမပျို​တွေခမျာ စိတ်လွတ်ကိုယ်လွတ်မရှိကြ​တော့​ အဲဒီ ဒိသာပါ​မောက္ခကြီး​ရဲ့​ကျောင်း​တော်ကြီး​ဆီက​နေ ထွက်ထွက်​ပြေး​ကြသတဲ့​။

အဲသည်လို သူ့​ကျောင်း​တော်ကြီး​ကထွက်​ပြေး​သွား​တဲ့​ လုလင်ပျို၊​ လုံမပျို​တွေများ​လေ​လေ ဒိသာပါ​မောက္ခဆရာကြီး​က စည်း​ကမ်း​တင်း​ကြပ်​လေ​လေ ပဲတဲ့​။ တပည့်​မရှား​ဘူး​။ သူ့​ဆီက ပညာတကယ်လိုချင်တဲ့​သူ​တွေသာ သူ့​ဆီကို ​ရောက်လာကြလိမ့်​မယ်လို့​ ဒိသာပါ​မောက္ခဆရာကြီး​က ​ကြွေး​ကြော်သတဲ့​။ အဲသည်လို ​ကြွေး​ကြော်​လေ​လေ၊​ တပည့်​တွေက​ပြေး​လေ​လေမို့​ ဒိသာပါ​မောက္ခဆရာကြီး​ဆီမှာ တပည့်​မရှား​ခဲ့​ရာက​နေ တပည့်​ဆိုလို့​ မူး​ရင်​သော်မှ ရှူစရာ မကျန်​အောင် တက်တက်​ပြောင်ခဲ့​ပါ​လေ​ရောတဲ့​။

အဲသည့်​အခါကျ ဆန်အိုး​ထဲ စား​စရာဆန်တစ်​စေ့​သော်မှမရှိ​တော့​တဲ့​အတွက် ဒိသာပါ​မောက္ခဆရာကြီး​ရဲ့​ရှင်မဟာ ထမီစွန်​တောင်ဆွဲပြီး​ ”သည်မှာ ကိုအဝှာ ဒိသာပါ​မောက္ခကြီး​ရဲ့​။ ရှင့်​အမျိုး​သား​ယဉ်​ကျေး​မှုဆိုတာကြီး​က ရှင့်​ကို ခု ဆန်အိုး​ထဲဆန်မရှိ​တော့​ ဘယ်သူက ရှင့်​ကို အပင်း​ဆို့​ဖို့​ လာဖို့​ပေး​သလဲ။ ​ပြောစမ်း​ပါဦး​။ ကျုပ်​တော့​ ရှင်နဲ့​အတူ​ရောပြီး​အငတ်မခံနိုင်ဘူး​တော်​ရေ့​။ ရှင့်​ဟာရှင်သာ ရှင်​ပြော​ပြော​နေတဲ့​ အမျိုး​သား​ယဉ်​ကျေး​မှုဆိုတာကြီး​နဲ့​ပဲ ဖက်​သေ​ပေ​တော့​။ ကျုပ်​တော့​ ​ရောပြီး​အငတ်မခံနိုင်ဘူး​။ ဒါပဲ” လို့​ ​ဒေါနဲ့​မာန်နဲ့​ ​ပြောတဲ့​အခါ ဒိသာပါ​မောက္ခဆရာကြီး​မျက်လုံး​ပြူသွား​သတဲ့​။ အဲသည့်​အချိန်မှာ ဒိသာပါ​မောက္ခဆရာကြီး​က​တော် ​ဒေါ်ရှင်မက ထမီစွန်​တောင်ဆွဲပြီး​ ခုနှစ်သံ ချီ​အော်​နေရာက သူ့​ထမီကို​ချွတ်ချလိုက်ပြီး​ ရွာထိပ်က​အ​ပေါင်ဆိုင်မှာ အ​ပြေး​သွား​ပြီး​​ပေါင်နှံစား​သောက်လိုက်သတဲ့​ကွယ်။

ပုံပြင်​လေး​က​တော့​ ဒါပါပဲ​နော်။ ​မောင်ညီမ​လေး​တို့​၊​ ဒိသာပါ​မောက္ခဆရာကြီး​လို ​နောက်ဆုံး​တစ်​ယောက်တည်း​ကျန်တဲ့​အထိ အမျိုး​သား​ယဉ်​ကျေး​မှုကို ဖက်တွယ်ထား​မလား​။ ဒါမှမဟုတ် ဒိသာပါ​မောက္ခဆရာကြီး​က​တော် ​ဒေါ်ရှင်မလို အ​ပေါင်ဆိုင်​​ပြေး​ပြီး​ ​ပေါင်နှံစား​သောက်မလား​ဆိုတာ ကိုယ်တိုင်​တွေး​ဆ ဆင်ခြင်သုံး​သပ်နိုင်ကြပါ​စေကွယ်။ ငယ်ငယ်တုန်း​က ကြား​ခဲ့​ဖူး​တဲ့​စကား​တစ်ခွန်း​က​တော့​ ကိုယ်ယုံကြည်ရာကို ​သေတဲ့​အထိ မစွန့်​လွှတ်ရဘူး​ဆိုပဲ…။

ခိုင်ခင်ဦး​ကို သနား​လိုက်တာကွယ်

ခိုင်ခင်ဦး​ဆိုတာ ရုပ်ရှင်သရုပ်​ဆောင်အကယ်ဒမီခိုင်ခင်ဦး​ကို ဆိုလိုတာပါ။ တ​လော​လေး​က ​ပြေတီဦး​နဲ့​အိန္ဒြာ​ကျော်ဇင်တို့​ရဲ့​ မင်္ဂလာဧည့်​ခံပွဲကို ခိုင်ခင်ဦး​ တစ်​ယောက် သူ့​ခင်ပွန်း​နဲ့​ အတူစုံတွဲပြီး​ တက်​ရောက်လာတာ​တွေ့​ရပါတယ်။ ခိုင်ခင်ဦး​ဟာ အခုချိန်အထိလည်း​ နုပျို​နေတုန်း​ပါပဲ။ လှပ​ချော​မော​နေဆဲပါပဲ။ ခိုင်ခင်ဦး​ဟာ ရုပ်ရှင်သရုပ်​ဆောင်အကယ်ဒမီမင်း​သမီး​ဆို​ပေမယ့်​ သီချင်း​လေး​ဘာ​လေး​လည်း​ အ​ခြေအ​နေ​ပေး​ရင် ဆို​လေ့​ဆိုထရှိခဲ့​ပါတယ်။ သူ ဆို​လေ့​ ဆိုထရှိတဲ့​သီချင်း​တစ်ပုဒ်က ပလာစတာ​လေး​ ဒါ​လေး​များ​ ဆိုတဲ့​သီချင်း​ပါပဲ။

ခိုင်ခင်ဦး​ဟာ အဆို​တော်​တော့​မဟုတ်​တော့​။ အဆို​တော်တစ်​ယောက်လို​တော့​ သီချင်း​ဆိုရာမှာ အဆင်မ​ပြေရှာပါဘူး​။ သို့​သော် ရုပ်ရှင်မင်း​သမီး​တစ်​ယောက် အ​နေနဲ့​တော့​ မဆိုး​ပါဘူး​။ သူ့​ခေတ်သူ့​အခါက သူလည်း​ လှုပ်ပြီး​ဆိုခဲ့​တဲ့​သူပါပဲ။ တစ်ခါမှာ​တော့​ဖြင့်​ ခိုင်ခင်ဦး​နယ်ပွဲမှာဆိုတဲ့​ပုံတစ်ပုံကို မဂ္ဂဇင်း​တစ်​စောင်က ​ဖော်ပြလိုက်တဲ့​အခါ ဓာတ်ပုံကလည်း​ လုံလုံခြံုခြံုပါပဲ။ သို့​သော် အမြင်ရိုင်း​တယ်ဆိုပြီး​ ခိုင်ခင်ဦး​ကို အနုပညာလုပ်ငန်း​လုပ်ကိုင်ခွင့်​ အကန့်​ အသတ်မရှိ ပိတ်ပင်လိုက်ပါတယ်။ အဲသည့်​အချိန်က ခိုင်ခင်ဦး​အိမ်​ထောင်မကျ​သေး​ပါဘူး​။ သူ့​မိဘနှစ်ပါး​နဲ့​ညီအစ်ကို​မောင်နှမ(၃)ဦး​ကို သူပဲဦး​ဆောင်ပြီး​ သူတတ်တဲ့​ အနုပညာနဲ့​လုပ်ကိုင်ရှာ​ဖွေ​ကျွေး​မွေး​နေသူပါ။ အဲသည်လို အမြင်ရိုင်း​တဲ့​ပုံ​ကြောင့်​ ခိုင်ခင်ဦး​ခမျာ အကန့်​အသတ်မရှိ ပိတ်ပင်ခံလိုက်ရတဲ့​အခါ ဟိုလိုက်ရ သည်လိုက်ရနဲ့​ ဒုက္ခအ​တော်​ရောက်ခဲ့​ပါတယ်။ မဂ္ဂဇင်း​အယ်ဒီတာက အမြင်ရိုင်း​တယ်ဆိုပြီး​ ရည်ရွယ်ချက်ဆိုး​နဲ့​ဖော်ပြကြတာမဟုတ်​သော်လည်း​ ခိုင်ခင်ဦး​မှာ နစ်နာဆုံး​ရှံုး​မှု ဖြစ်ခဲ့​ရပါတယ်။

ဒီနေ့​ ခိုင်ခင်ဦး​သီချင်း​ဆိုပုံ အမြင်ရိုင်း​ခဲ့​ဖူး​တယ်လို့​ပြောရင် သည်​ခေတ်က​လေး​တွေက အဲသည်လိုကြီး​လား​ဆိုပြီး​ ဟား​တိုက်ရယ်​မောကြပါလိမ့်​မယ်။ ခိုင်ခင်ဦး​ဆိုတဲ့​အန်တီကြီး​ သနား​ပါတယ်​နော်လို့​ ​ပြော​ကောင်း​ပြောကြပါလိမ့်​မယ်။ သည်​နေ့​ဂျာနယ်တစ်​စောင်က သည်​ခေတ်က​လေး​တွေ ဒီလို ဒီလို​တော့​ဖြင့်​ ဝတ်ဆင်​နေတယ်​နော်ဆိုပြီး​ မသိမသာသံ​ချောင်း​ခေါက်လိုက်တဲ့​အခါ သူတို့​ဟာသူတို့​ဖော်ပြတာ ဘာဖြစ်တုန်း​။ မဆီမဆိုင် မီး​လန့်​အောင် ဘာဝင်လုပ်ရတာလဲဆိုပြီး​ ရင်ဝ​ဆောင့်​ အကန်ခံလိုက်ရပါတယ်။ ဝတ်ချင်တိုင်း​ဝတ်၊​ ​ပေါ်ချင်တိုင်း​ပေါ်၊​ ​ဖော်ချင်တိုင်း​ ​ဖော်​နေကြတဲ့​ခေတ်ကာလသား​သမီး​တွေကျ​တော့​ တုတ်တို​လေး​ တစ်​ချောင်း​နဲ့​သော်မှ ဟဲ့​..ဆိုပြီး​ ဟန့်​မယ့်​သူမရှိတာ​တွေ​တွေး​မိ​တော့​ အမျိုး​သား​ရေး​တာဝန်ဆိုတာ ကိုယ်​တွေမှ ​ပြောခွင့်​ဆိုခွင့်​ တင်ပြခွင့်​မရှိပါကလား​လို့​ ဆင်ခြင်မိပြီး​ တစ်ခါတုန်း​ကခိုင်ခင်ဦး​လေး​ကို သနား​လိုက်တာကွယ်လို့​သာ ​ပြောလိုက်ချင်​တော့​တယ်။

မြတ်ခိုင်

http://www.facebook.com/#!/profile.php?id=100001093486173

မြတ်ခိုင်​ပြော​သော ပုံပြင်သည် ယခုအပတ်ထုတ် ​မော်နီတာ ဂျာနယ်တွင် သရုပ်​ဆောင် ​ပြေတီဦး​နှင့်​ အိန္ဒြာ​ကျော်ဇင်​တို့​၏ မင်္ဂလာ​ဆောင် ညစာစား​ပွဲ သို့​ တက်​ရောက် လာသည့်​ မင်း​သမီး​များ​ မလုံခြံုသည့်​ အဝတ်အစား​များ​ ဝတ်ထား​သည့်​ ဓာတ်ပုံများ​နှင့်​အတူ ပါရှိခဲ့​သော​ကြောင့်​ ၊​ စာ​ပေစိစစ်​ရေး​မှ ထုတ်​ဝေခွင့်​ ၂ ပတ် အပိတ်ခံရ​သော စာမူလည်း​ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here