​ဒေါ်​အောင်ဆန်း​စုကြည်၏ ဘဝ​သရုပ်​ဖော်​ဇာတ်ကား​ The Lady ရိုက်ကူး​​ပြီး​စီး​

alt

၃ လကြာမျှ အချိန်ယူ ရိုက်ကူး​ခဲ့​ပြီး​နောက် မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်၏ ဘဝတစိတ်တ​ဒေသကို ​ဖော်ကျူး​ထား​သည့်​ The Ladyဇာတ်ကား​မှာ အပြီး​သတ်ခဲ့​ပြီဖြစ်သည်။

ယင်း​ဇာတ်ကား​ကို မ​လေး​ရှား​တွင် ပြသရန်အတွက် တာဝန်ယူမည့်​ ကုမ္ပဏီကို ရှာ​ဖွေ​နေဆဲဟု Dailychilli သတင်း​ဌာနက ​ဖော်ပြခဲ့​သည်။ The Lady ဇာတ်ကား​ကို စီစဉ်ရိုက်ကူး​သည့်​ EuropaCorp-Left Bank Pictures-France 2 Cinema သို့​ Dailychilli က email နှင့်​ ဆက်သွယ်ခဲ့​ရာ ထုတ်လုပ်​ရေး​အတွက် မ​လေး​ရှား​တွင် သင့်​တော်​သော လက်တွဲ​ဖော်ကို ရှာ​ဖွေ​နေဆဲဟု အ​ကြောင်း​ပြန်ခဲ့​သည်။ ယင်း​ဇာတ်ကား​ကို အခြား​နိုင်ငံများ​တွင် ၂၀၁၁ နှစ်ကုန်ပိုင်း​တွင် ရုံတင်ပြသသွား​နိုင်ရန် ​မျှော်လင့်​ထား​ကြောင်း​ သိရသည်။ အဆိုပါ ဇာတ်ကား​တွင် ​ဒေါ်​အောင်ဆန်း​စုကြည်​အဖြစ် မ​လေး​ရှား​မင်း​သမီး​ မစ်ချယ်ယိုက ပါဝင်သရုပ်​ဆောင်ထား​သည်။

James Bond မင်း​သမီး​ဟောင်း​ မစ်ချယ်က သူမအ​နေနှင့်​ ​ဒေါ်​အောင်ဆန်း​စုကြည်အ​ကြောင်း​ ဇာတ်ညွှန်း​ကို ဖတ်ရချိန်ကတည်း​က အလွန်စိတ်ဝင်စား​ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည်အ​ပေါ် ​လေး​စား​မိခဲ့​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ ထို့​အပြင် ​ဒေါ်​အောင်ဆန်း​စုကြည်နှင့်​ ရန်ကုန်သို့​သွား​ရောက်ကာ သီး​ခြား​တွေ့​ဆုံစဉ်က အ​တွေ့​အကြံုကိုလည်း​ အသက် ၄၈ နှစ်ရှိ မင်း​သမီး​က ပြန်​ပြောင်း​ပြောပြခဲ့​သည်။ မြန်မာ့​ဒီမိုက​ရေစီ ​ခေါင်း​ဆောင်သည် သူမနှင့်​ စ​တွေ့​ချိန်တွင် ဦး​ဆုံး​ဆွေး​နွေး​ခဲ့​သည့်​ ကိစ္စတစ်ခုမှ BBC World Service က ဂီတထုတ်လွှင့်​မှုများ​ မည်သည့်​အတွက် ပိုမိုမထုတ်လွှင့်​ကြောင်း​ပင် ဖြစ်သည်ဟု မစ်ချယ်ကဆိုသည်။

မစ်ချယ်က ​ဒေါ်​အောင်ဆန်း​စုကြည်အား​ ​တွေ့​မြင်ရသည်မှာ အလွန်တည်ငြိမ်​အေး​ချမ်း​သော ခံစား​မှုမျိုး​ ဖြစ်​စေ​ကြောင်း​လည်း​ ချီး​ကျူး​ပြောကြား​ခဲ့​သည်။ ထို့​အပြင် ​ဒေါ်​အောင်ဆန်း​စုကြည်သည် မြန်မာ့​ယဉ်​ကျေး​မှုနှင့်​ ပတ်သက်၍လည်း​ အလွန်ဂုဏ်ယူပြီး​ ဂုဏ်သိက္ခာနှင့်​ ဂုဏ်ကျက်သ​ရေရှိမှုတို့​ကို ပြသရန် မည်သို့​ကျင့်​ကြံ ​နေထိုင်ရမည်ကို ​ကောင်း​စွာသိရှိ​ကြောင်း​ မစ်ချယ်ကဆိုသည်။ The Lady ဇာတ်ကား​ကို ​အောက်တိုဘာ ၁၈ ရက်​နေ့​က စတင်ရိုက်ကူး​ခဲ့​ပြီး​ ထိုင်း​၊​ မြန်မာ၊​ ဗြိတိန်နှင့်​ ပြင်သစ်တို့​သို့​ သွား​ရောက်ရိုက်ကူး​ခဲ့​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here